အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူဖို့မရှိဘူးလို့လည်း အေစီမီလန်အသင်းက သတင်းထုတ်ပြန်ဖို့ရှိနေပါတယ်။

ဆွီဒင်တိုက်စစ်မှူးအီဘရာဟီမိုဗစ်အနေနဲ့ အေစီမီလန်ကစားသမားအဖြစ် ၂နှစ်တာ ဖြတ်သန်းခဲ့ဖူးသူလည်းဖြစ် ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ ကစားသမားဟောင်းဖြစ်သူ အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူဖို့ရှိနေတယ်လို့သ တင်းထွက်ပေါ်မှုတွေကို ဒါရိုက်တာအဖွဲ့ဝင်ဖြစ်တဲ့ ပေါ်လိုမာလ်ဒီနီက အတည်ပြုမှုအချို့ပြုလုပ်ခဲ့ပြီး ဖြစ်လာနိုင် ချေနည်းပါးလွန်းတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်မေဂျာလိဂ်ကလပ်အယ်လ်အေဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပါက ဥရောပအမှတ် ပေးလိဂ်တွေဆီ တစ်ဖန်ခြေပြန်ချလိုနေတဲ့ အီဘရာဟီမိုဗစ်အနေနဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့အေစီမီလ န်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လိုတယ်လို့ အရိပ်အမြွတ်ပြောဆိုမှုအချို့ပြုလုပ်ထားခဲ့တာပါ။



“ မိုဗစ်ကို ပြန်ခေါ်ဖို့ဆိုတာအိပ်မက်တစ်ခုပါ။ ဖြစ်နိုင်ချေနည်းပါးလွန်းပါတယ်။ နည်းပြကိုယ်တိုင်က ခေါ်ယူလို တယ်ဆိုရင်တောင် ကစားသမားဖြစ်သူက အရံခုံမှာအချိန်ဖြုန်းချင်မှာမဟုတ်ပါဘူး။ ပြန်ခေါ်ဖို့အခြေအနေကန ည်းပါးလွန်းပါတယ် ” လို့ အေစီမီလန်အသင်းနည်းစနစ်ဒါရိုက်တာမာလ်ဒီနီက Sky Italia ကနေတဆင့်အတည် ပြုပြောဆိုလိုက်တာပါ။

၂၀၁၀ ကနေ၂၀၁၂ အထိ ၂နှစ်တာကာလအတွင်း အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၆၁ပွဲကစားပေးခဲ့ပြီး ၄၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း အသင်းတာဝန်ရှိသူတွေအနေနဲ့ အသက်အရွယ်အရ အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူဖို့ လက်တွံ့နေတာဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

အီဘရာဟီမိုဗစ်အနေနဲ့ အယ်လ်အေဂလက်ဆီအသင်းရဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခြင်းမခံရတဲ့ အခြေအနေကြောင့် ၂၀၁၉ ဘောလုံးရာသီအပြီးတွင် အသင်းသစ်တစ်သင်းသင်းသို့ပြောင်းရွှေ့ကစားဖို့စီစဉ်နေ တာလည်းဖြစ်ပါတယ်။



က္က