အေစီမီလန်ကို အနိုင်ရခဲ့တဲ့အင်တာမီလန်အနေနဲ့ အဆင့်-၁နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

မီလန်ဒါဘီပွဲစဉ်မှာ အေစီမီလန်အသင်းကို အင်တာမီလန်အသင်းက နောက်ကျသွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာပါ။

မီလန်ဒါဘီပွဲစဉ်မှာ ခါးသီးမြို့ခံပြိုင်ဘက်အေစီမီလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရရှိခဲ့တဲ့ အင်တာမီလန်တိုက်စစ်မှူးလူကာကူအနေနဲ့ ပြိုင်ဘက်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ချ်ကို ဒေါ သထွက်စေမယ့် ထိကပါးရိကပါးစကားနာထိုးမှုများကို ပြုလုပ်ခဲ့တယ်လို့ နှစ်ဖက်ပရိသတ်တွေရဲ့သတ် မှတ်ခဲ့မှုကို sportbible.com ကဖော်ပြလာပါတယ်။

အီတလီထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ အင်တာမီလန်၊ အေစီမီလန်နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ဝါရင့် တိုက်စစ်မှူးအီဘရာဟီမိုဗစ်ချ်အနေနဲ့ မီလန်မြို့ရဲ့တစ်ဦးတည်းသောဘုရင်အဖြစ် ပရိသတ်အများစုက သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။



“ ဘောလုံးလောကရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုပါ။ ရှင်းပြဖို့ခက်ပါတယ်။ ပထမပိုင်းကတ ည်းက ပွဲပြီးခဲ့ပြီလို့ ယူဆခဲ့ပေမယ့် ဘာမဆိုဖြစ်လာတတ်တဲ့ ထုံးစံတွေအတိုင်းအပြောင်းအလဲဖြစ်လာခဲ့ တာလို့ပဲ မှတ်ယူရမှာပါ ” လို့ အေစီမီလန်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ချ်ရဲ့ ပွဲအပြီးမှတ်ချက်ပြုပြောဆိုမှု ကို SkySports Italia က ဖော်ပြလာခဲ့ပါတယ်။

အင်တာမီလန်အသင်းဂျာစီနဲအတူ အောင်ပွဲခံနေတဲ့ပုံကို တွစ်တာတွင်ဖော်ပြခဲ့ပြီး မီလန်မြို့ရဲ့ ဘုရင် အသစ်လို့ ရေးသားဖော်ပြခဲ့တဲ့အတွက် အင်တာမီလန်အသင်းပရိသတ်တွေအကြား လူကြိုက်များတဲ့ ဖော်ပြမှုတစ်ခုဖြစ်ခဲ့ပြီး အေစီမီလန်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ချ်ကတော့ ပရိသတ်အချို့ရဲ့နောက် ပြောင်မှတ်ချက်ပြုခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ချ်နဲ့လူကာကူတို့ဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အ သင်းတွင် အတူတွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းများဖြစ်ပေမယ့် ဆက်ဆံရေးအရအဆင်မပြေမှု များရှိခဲ့တဲ့အတွက် အခုလိုအပြန်အလှန်လှောင်ပြောင်မှတ်ချက်ပြုမှုများနဲ့အတူ ပြိုင်ဆိုင်မှုပိုမိုပြင်းထန် နေခဲ့တာလည်းဖြစ်ပါတယ်။



က္က