လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ကို ကြေညာသွားမှာပါ။

ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်အတွက် ချယ်ဆီးအသင်းကို ပေါင် ၈၈.၅ သန်း ပေးချေဖို့ သဘောတူညီခဲ့ပြီဖြစ်ကြောင်း The Guardian ရဲ့သတင်းအရ သိရပါတယ်။ အီဒင်ဟာဇက်ရဲ့အပြောင်းအရွှေ့ဟာ နည်းပြဇီဒန်းရဲ့ ယခုနွေရာသီ ပထမဆုံး အဓိကကစားသမားခေါ်ယူမှု ဖြစ်လာတော့မှာဖြစ်ပါတယ်။

အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းနဲ့လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး ချယ်ဆီးအသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မှာမဟုတ်ကြောင်း ပြောကြားခဲ့သူဖြစ်ပါတယ်။



ချယ်ဆီးအသင်းဟာ ယခုနွေရာသီမှာ အီဒင်ဟာဇက်ကို မရောင်းချဘူးဆိုရင် လာမယ့်ရာသီမှာ ဟာဇက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမယ့်အရေးနဲ့ ရင်ဆိုင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဟာဇက်ကို ရောင်းချဖို့ သဘောတူူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ဟာဇက်ရဲ့ပြောင်းရွှေ့ကြေးအတွက် ချယ်ဆီးအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး The Guardian ရဲ့ဖော်ပြချက်အရ ရီးရဲမက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၁၀၀ အပြင် ထပ်ဆောင်းပေးချေမှုတွေ ပြုလုပ်ဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။

စပိန်ကသတင်းတွေအရ အီဒင်ဟာဇက်ရဲ့အပြောင်းအရွှေ့ကို လာမယ့်ရက်ပိုင်းအတွင်း ရီးရဲမက်ဒရစ်အသင်းက တရားဝင်ကြေညာမှုပြုလုပ်သွားတော့မယ်လို့ သိရပြီး ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ဖရန့်ဖတ်က လူကာဂျိုဗစ်ကို ပေါင် ၅၈ သန်း၊ ပေါ်တိုက အီဒါမီလီတာအိုကို ပေါင် ၄၄ သန်းနဲ့ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ဆိုးရွားတဲ့ရာသီကို ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြဇီဒန်းဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေပြုလုပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကလည်း ယမန်နေ့က အသင်းကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိုကြောင်း ပြောကြားထားတာကြောင့် နောက်ထပ်အဓိကကစားသမားခေါ်ယူမှုအနေနဲ့ ရီးရဲမက်ဒရစ်အသင်းဟာ အဲရစ်ဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က