အသက် ၂၁ နှစ်အရွယ်သာ ရှိနေသေးတာဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၂၁ အရွယ်သာရှိသေးတဲ့ အူဆီမန်အတွက် နာပိုလီက ယူရိုသန်း ရဝအထိ ပေးချေခဲ့ရပြီး အပိုဆုကြေးတွေပါ ထည့်တွက်မယ်ဆိုပါက ယူရိုသန်း ၈ဝအထိ ရှိမယ်လို့သိရပါတယ်။


နာပိုလီအသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ တိုက်စစ်မှူးအူဆီမန်ဟာ အသင်းနဲ့စတင်ပွဲထွက်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၈ မိနစ်အတွင်း ဟက်ထရစ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ လိုင်လီအတွက် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၃၈ ပွဲကစားပြီး ၁၈ ဂိုးအထိ သွင်းယူခဲ့တဲ့ အူဆီမန်ဟာ ပြီးခဲ့တဲ့လကမှ နာပိုလီကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၁ အရွယ်သာရှိသေးတဲ့ အူဆီမန်အတွက် နာပိုလီက ယူရိုသန်း ရဝအထိ ပေးချေခဲ့ရပြီး အပိုဆုကြေးတွေပါ ထည့်တွက်မယ်ဆိုပါက ယူရိုသန်း ၈ဝအထိ ရှိမယ်လို့သိရပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားဟာ အသင်းသစ်မှာ လျင်လျင်မြန်မြန်ပဲ ခြေစွမ်းပြနေတာဖြစ်ပြီး ဂတ်တူဆိုအတွက် အားထားရမယ့် အလားအလာကောင်းတွေရှိလာခဲ့ပြီဖြစ်ပါတယ်။ 

နာပိုလီအတွက်တော့ ကာဗာနီလက်သစ်ကစားသမားတစ်ဦးကို ရရှိခဲ့ပြီလို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြသလို အခြားသတင်းဌာနအချို့ကလည်း ဂျော့ဝီယာ နဲ့ ဒီဒီယာဒရော့ဘာတို့လို တိုက်စစ်မှူးမျိုးလို့ တင်စားခဲ့ကြပါတယ်။ အူဆီမန်ကိုခေါ်ယူခဲ့စဉ်တုန်းက နည်းပြဂတ်တူဆိုက သူတို့အနေနဲ့ ပီလီ၊ မာရာဒိုလိုတို့လိုကစားသမားကို ခေါ်ယူခဲ့တာမဟုတ်လို့ အရမ်းမမျှော်လင့်ကြဖို့ အသင်းပရိသတ်တွေကို သတိပေးခဲ့ပါတယ်။ 

Castel di Sangro အသင်း နဲ့ L'Auila အသင်းတို့နဲ့ နာပိုလီက ၄၅ မိနစ် တစ်ပွဲစီကစားခဲ့ပြီး ၁၀-၀၊ ၁၁-၀ တို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။ "ပီလီ ဒါမှမဟုတ် မာရာဒိုနာတို့လို ကစားသမားမျိုးကို ကျွန်တော်တို့ ခေါ်ယူခဲ့တာမဟုတ်ပါဘူး၊ အသင်းကိုကူညီပေးနိုင်မယ်လို့ ယူဆရတဲ့ ကစားသမားတစ်ဦးကို ဝယ်ယူခဲ့တာပါ
"


"စိတ်လှုပ်ရှားဖို့ဆိုတာက အရမ်းလွယ်ကူပါတယ်၊ သူ့ကို ကျွန်တော်တို့အချိန်ပေးရမှာဖြစ်ပြီး ဖိအားတွေမပေးသင့်ပါဘူး" လို့ ဂတ်တူဆိုက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အူဆီမန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေကာ ဝယ်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် နာပိုလီဘက်က ဘယ်လောက်ထိမျှော်လင့်ထားလဲဆိုတာကို သိသာစေမှာလည်းဖြစ်ပါတယ်။ 


Author


က္က