နေရာမတူညီ၊ သွင်းယူတဲ့ခြေထောက်မတူပေမယ့် သွင်းယူခဲ့တဲ့ပုံစံကတော့ ထပ်တူကျခဲ့ပါတယ်။

မက်ဆီဟာ သွင်းဂိုးနှစ်ဂိုးကို မတူညီတဲ့နေရာ၊ မတူညီတဲ့ခြေထောက်တွေနဲ့ ကန်သွင်းယူခဲ့ရာမှာ ဂိုးရဖို့ကြိုးပမ်းခဲ့မှုကတော့ ထပ်တူလုနီးပါးတူညီနေခဲ့ပါတယ်။ 


ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ဂျီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပြောင်မြောင်တဲ့သွင်းဂိုးနှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ကျန်တစ်ဂိုးကို ကော်တင်ဟိုက သွင်းယူပေးခဲ့ကာ မက်ဆီဟာ သွင်းဂိုးနှစ်ဂိုးကို မတူညီတဲ့နေရာ၊ မတူညီတဲ့ခြေထောက်တွေနဲ့ ကန်သွင်းယူခဲ့ရာမှာ ဂိုးရဖို့ကြိုးပမ်းခဲ့မှုကတော့ ထပ်တူလုနီးပါးတူညီနေခဲ့ပါတယ်။ 





ရော်နယ်ကိုးမန်းဟာ ခြေစမ်းပွဲတွေမှာ မက်ဆီကို ထည့်သွင်းအသုံးပြုနေပြီးတော့ လာမယ့်ရာသီမှာလည်း မက်ဆီကိုပဲ အဓိကထားကာ အသင်းကိုတည်ဆောက်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပထမခြေစမ်းပွဲမှာတော့ မက်ဆီဂိုးမသွင်းနိုင်ခဲ့ပေမယ့် မနေ့က ကစားခဲ့တဲ့ပွဲမှာ ဂိုးတွေရရှိခဲ့လို့ သူ့အတွက်လည်း စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

မက်ဆီဟာ သူ့ရဲ့ပထမဂိုးကို သွင်းယူခဲ့စဉ်မှာ ဘယ်ခြမ်းကနေ ပေးပို့ခဲ့တဲ့ ဘောလုံးကို ဂိုးဧရိယာစည်းထိပ်နားမှာ လက်ခံရယူခဲ့ပြီး ကိုယ်တစ်ပတ်လှည့်ကာ ညာခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ညာခြမ်းကနေ ပို့ပေးမှုကို ရယူခဲ့ပြီး ပထမဂိုးသွင်းယူခဲ့တဲ့ ပုံစံအတိုင်းပဲ ကိုယ်တစ်ပတ်လှည့်ကာ ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ 



သွင်းဂိုးနှစ်ဂိုးစလုံးမှာ မက်ဆီက ကိုယ်တစ်ပတ်လှည့်ပြီးမှ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒီစွမ်းဆောင်မှုအတွက်လည်း တွစ်တာပေါ်မှာ ချီးကျူးသံတွေပြည့်နှက်နေခဲ့ပါတယ်။ အသက် ၃၂နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းကထွက်ခွာခွင့်တောင်းခံခဲ့ပြီးမှာ လာမယ့်ရာသီကို ဆက်လက်ကစားဖို့ ဆုံးဖြတ်ချက်ပြောင်းလဲခဲ့သူလည်းဖြစ်ပါတယ်။ 

သူ့အနေနဲ့ လာမယ့်ရာသီမှာလည်း မူလခြေစွမ်းအတိုင်း ဆက်လက်ကစားနိုင်ဦးမယ်ဆိုတာကို မက်ဆီက ပြသနို်င်ခဲ့တာဖြစ်ပါတယ်။ အသင်းပရိသတ်တွေကတော့ မက်ဆီရဲ့ ဂိုးသွင်းစွမ်းရည်က အရင်အတိုင်းရှိနေဆဲဖြစ်တာကို မြင်တွေ့ခွင့်ရခဲ့လို့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က