ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ ဖယ်လ်ကာအိုအနေနဲ့ ငြင်းဆန်ခဲ့တာပါ။

မက်ဆီ၊ ဒန်နီရယ်အဲဗက်စ်၊ မာတာတို့အပါအဝင် ကမ္ဘာကျော်ကစားသမားအများစုက အိမ်သာသုံးစက္ကူကို Skill ပြ စိန်ခေါ်မှုတွေအပြန်အလှန်ပြုလုပ်ကာ ပရိသတ်တွေအတွက် လုပ်ဆောင် ပြနေ တာလည်းဖြစ်ပါတယ်။

ဖူလ်ဆယ်အားကစားနည်းရှိ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ခဲ့သူ ဘရာဇီးလက်ရွေးစင်ဟောင်းဖယ်လ်ကာအို အနေနဲ့ အိမ်သာသုံးစက္ကူ Skill ပြစိန်ခေါ်မှုတွေကို ပြက်ရယ်ပြုဝေဖန်ခဲ့ပြီး ဟာသဆန်ဆန်လုပ်ဆောင်မှုတွေသာ ဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့မှုကို marca.com က ဖော်ပြလာပါတယ်။



ဘောလုံး Freestyles ပြိုင်ပွဲများအပြင် Skill ပြမှုများတွင် ပရိသတ်အခိုင်အမာရထားတဲ့ ဖယ်လ်ကာအိုအနေနဲ့ လက်ရှိရေပန်းစားနေတဲ့ အိမ်သာသုံးစက္ကူ Skill ပြစိန်ခေါ်မှုအတွင်း ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်မှုတွေပြုလုပ်ထားခဲ့ သူလည်းဖြစ်ပါတယ်။



“ ဟာသဆန်ဆန်လုပ်ရပ်တွေအပေါ်မှာ ပူးပေါင်းပါဝင်မှာမဟုတ်ပါဘူး။ အိမ်သာသုံးစက္ကူ Skill ပြန်စိန်ခေါ်မှုေ တွဆိုတာက တကယ်ကိုခေတ်သစ်ရယ်စရာတစ်ခုပါပဲ။ လုပ်ရပ်က လက်ရှိအခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစ က်မှုတွေအတွက် ဘယ်လိုမှအကျိုးသက်ရောက်မှုမရှိပါဘူး။ ဖျော်ဖြေရေးလုပ်ရပ်အသွင်သာသာပဲရှိပါတယ်” လို့ ဖယ်လ်ကာအိုက ဆိုခဲ့တာပါ။

လက်ရှိအချိန်မှာ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဒန်နီရယ်အဲဗက်စ်တို့အပါအဝင်ကမ္ဘာကျော်ကစား သမားအများစုအပြင် ဘောလုံးသမားအများစုကပါ ပူးပေါင်းပါဝင်လုပ်ဆောင်နေဆဲဖြစ်ပေမယ့်တစ်ဖက်မှာတော့ ဝေဖန်မှုအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဖယ်လ်ကာအိုကတော့ လူမှုကွန်ယက်တွေပေါ်မှာ အခုလိုပြုမှုနေတဲ့အပေါ် သီးသန့်မှတ်ချက်မပေးလိုပေမယ့် နေအိမ်အတွင်း သီးသန့်နေထိုင်ခြင်းနဲ့အတူ အာဏာပိုင်တွေနဲ့ကျန်းမာရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကိုလိုက် နာဖို့လိုအပ်တယ်လို့ GlobeSports ကနေတဆင့် အကြံပြုပြောဆိုသွားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က