မက်ဆီက ဘာစီလိုနာအသင်းဖော်တွေကိုပါ ထပ်မံစိန်ခေါ်ခဲ့ပါတယ်။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အိမ်မှာနေထိုင်နေရတဲ့အချိန်မှာ ဘာစီလိုနာအသင်းတိုက်စစ်မှှူးမက်ဆီဟာ အသင်းဖော်ဟောင်းဇာဗီရဲ့ စိန်ခေါ်မှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ အိမ်သာသုံးစက္ကူလိပ်ကို အသုံးပြုပြီး ၁၀ အထိ ရရှိအောင် ထိန်းသိမ်းပြဖို့အတွက် ဇာဗီက စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာတိုက်စစ်မှူးက ဒီစိန်ခေါ်မှုကို လက်ခံခဲ့ပြီးနောက် သူ့ရဲ့အင်စတာဂရမ် Story မှာ အိမ်သာသုံးစက္ကူလိပ်နဲ့ ဘောလုံးကျွမ်းကျင်မှုပြသနေတဲ့ ဗီဒီယိိုကို တင်ထားခဲ့ပါတယ်။ မက်ဆီက စုစုပေါင်းထိချက် ၁၉ ချက်အထိ ရရှိခဲ့ကာ နောက်ဆုံးထိချက်မှာတော့ ကင်မရာဘက်တည့်တည့်ကို ကန်ထုတ်ပစ်ခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေသွားခဲ့ပါတယ်။ 




လက်ရှိမှာ ဘောလုံးပွဲတွေရပ်နားထားတဲ့အတွက် နာမည်ကျော်ကစားသမားအများအပြားက နေအိမ်မှာပဲ ကိုယ်ပိုင်လေ့ကျင့်ခန်းတွေ ပြုလုပ်နေကြရပါတယ်။ အခုအခါ အိမ်သာသုံးစက္ကူလိပ်နဲ့ Challange လုပ်စိန်ခေါ်မှုက သူတို့ကြားမှာ ရေပန်းစားနေပြီး ကစားသမားတော်တော်များများက ပြုလုပ်နေကြပြီလည်းဖြစ်ပါတယ်။ 

ကာတာကလပ်အယ်လ်ဆတ်ကို နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ ဇာဗီက သူ့ရဲ့နေအိမ်ခြံဝန်းနောက်မှာ အိမ်သာသုံးစက္ကူနဲ့ ဘောလုံး Skill ပြသနေတဲ့ ဗီဒီယိိုကို တင်ထားခဲ့ကာ စိန်ခေါ်ခဲ့မှုကို မက်ဆီက လက်ခံခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက် မက်ဆီကိုယ်တိုင်က ဘာစီလိုနာအသင်းဖော်တွေဖြစ်တဲ့ ဗီဒယ်လ်၊ ဆွာရက်ဇ်၊ ယော်ဒီအယ်လ်ဘာ၊ အာဂျင်တီးနားအသင်းဖော်အဂူရိုတို့ကို ထပ်မံစိန်ခေါ်မှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ 


Author


က္က