အီမိုဘီလီက ၃ဂိုးအထိ အသာစီးရရှိထားပါတယ်။
Pyae Phyo Thein

အီမိုဘီလီကတော့ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မှာ ခြေစွမ်းပြနေတာဖြစ်ပြီး ဗီရိုနာနဲ့ပွဲမှာ ပယ်နယ်တီ ၂ဂိုးအပါအဝင် ၃ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။


ဗီရိုနာကို ၁-၅ နဲ့ အဝေးကွင်းမှာ လာဇီယိုက အနိုင်ရရှိခဲ့ရာမှာ တိုက်စစ်မှူးအီမိုဘီလီက ဟက်ထရစ်သွင်းယူသွားခဲ့ပြီး စီးရီးအေဂိုး ၃၄ ဂိုးအထိရရှိသွားခဲ့ပြီဖြစ်ပါတယ်။  ဒီအတွက်ကြောင့် အီမိုဘီလီဟာ ဒီရာသီစီးရီးအေရဲ့ ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်သွားခဲ့ပြီး ဒုတိယနေရာက ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုကို ၃ ဂိုးအသာရရှိသွားခဲ့ပြီဖြစ်ပါတယ်။

အီမိုဘီလီကတော့ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မှာ ခြေစွမ်းပြနေတာဖြစ်ပြီး ဗီရိုနာနဲ့ပွဲမှာ ပယ်နယ်တီ ၂ဂိုးအပါအဝင် ၃ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။ အီတလီဝါရင့်တိုက်စစ်မှူးကြီးဟာ ၂၀၁၇-၁၈ ဘောလုံးရာသီက ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ဖူးသူဖြစ်ပြီးတော့ အခုအခါမှာ နောက်ထပ်တစ်ကြိမ်ထပ်မံရယူနိုင်ဖို့ အခွင့်အလမ်းကောင်းနေပြီဖြစ်ပါတယ်။ 

စီးရီးအေလက်ကျန် ၂ပွဲသာကျန်ရှိတော့တာဖြစ်ပြီး အနီးကပ်ဆုံးဖိအားပေးနေတဲ့ ရော်နယ်ဒိုကို ၃ဂိုးအသာရရှိထားလို့လည်း ရွှေဖိနပ်ဆုရရှိဖို့ အခွင့်အလမ်းကေင်းနေတာဖြစ်ပါတယ်။ အီမိုဘီလီဟာ လာဇီယိုကို ပြောင်းရွှေ့လာခဲ့ပြီးနောက် တစ်ရာသီကို အနည်းဆုံးစီးရီးအေသွင်းဂိုး ၁၅ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး စုစုပေါင်းလေးရာသီကစားခဲ့ရာမှာ ၃ရာသီက ဂိုးပေါင်း ၂၃ ဂိုးနဲ့အထက်ရှိနေခဲ့ပါတယ်။

လက်ကျန်ပွဲတွေအဖြစ် လာဇီယိုက အိမ်ကွင်းမှာ ဘရက်စီယာ၊ အဝေးကွင်းမှာ နာပိုလီင်္တို့နဲ့ ကစားရမှာဖြစ်ပြီး ဂျူဗင်တပ်စ်ကတော့ အဝေးကွင်းမှာ ကယ်ဂလီယာရီ၊ အိမ်ကွင်းမှာ ရိုးမားတို့ကို လက်ခံကစားရမှာဖြစ်ပါတယ်။ ချန်ပီယံအဖြစ် ဂျူဗင်တပ်စ်အသင်း အောင်ပွဲခံခဲ့ပြီးနောက် လက်ကျန်ပွဲစဉ် ၂ပွဲက ရွှေဖိနပ်ဆုအတွက် အဆုံးအဖြတ်ဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က