ဂျူဗီနည်းပြဟောင်းအယ်လီဂရီကို ကမ်းလှမ်းခဲ့တာပါ။
Pyae Phyo Thein

အယ်လီဂရီက ပရီးမီးယားလိဂ်ကို လာရောက်ဖို့အတွက် စိတ်ဝင်စားနေတာကြောင့်လည်း ဒေါ့မွန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာလို့ ဆိုပါတယ်။


ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်းအယ်လီဂရီဟာ ဒေါ့မွန်အသင်းနဲ့ ၂နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ အယ်လီဂရီကို နည်းပြဖာဘရီရဲ့နေရာမှာ အစားထိုးဖို့ ဒေါ့မွန်က ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ Sky Sports Italia က ဖော်ပြခဲ့ပါတယ်။ 

အယ်လီဂရီက ပရီးမီးယားလိဂ်ကို လာရောက်ဖို့အတွက် စိတ်ဝင်စားနေတာကြောင့်လည်း ဒေါ့မွန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာလို့ ဆိုပါတယ်။ အသက် ၅၂ နှစ်အရွယ် နည်းပြကြီးဟာ ဂျူဗီကို ငါးရာသီကြာကိုင်တွယ်ပေးခဲ့ပြီးတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်တက်ရောက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ကို အရေးနိမ့်ခဲ့ရပါတယ်။ 

ဖာဘရီကတော့ ဒေါ့မွန်ကို ၂၀၁၈ မှာ ရောက်ရှိခဲ့ပြီး နှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ပြီးခဲ့တဲ့နှစ်က နောက်ထပ်သက်တမ်းတစ်နှစ်တိုးမြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်လီဂါမှာ ဘို်င်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၁၆သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ဒေါ့မွန်က နည်းပြသစ်အစားထိုးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဒေါ့မွန်အသင်းအားကစားဒါရိုက်တာမိုက်ကယ်ဇော့က "သူ နောက်ရာသီမှာလည်း အသင်းမှာဆက်ရှိနေမှာပါ၊ ဒီလူစာရင်းအတိုင်း ဆက်သွားမှာပါ" လို့ ပြောဆိုခဲ့ပါသေးတယ်။ အယ်လီဂရီကို ပြီးခဲ့တဲ့အချိန်တွေမှာ အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကလည်း ဆက်သွယ်မှုတွေရှိခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 


Author


က္က