စပါးက ထွက်ပြီးနောက် ဘာစီလိုနာ နည်းပြ ဖြစ်လာဖို့ ရေပန်းစားခဲ့ဖူးသူပါ။
Kyaw Ko Ko Sint

ဘာစီလိုနာအသင်းကို နည်းပြတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပေမယ့် အသင်းဖက်က ဆက်သွယ်မှု လုံးဝ မပြုလုပ်ခဲ့ဘူးလို့ ပွန်ချက်တီနိုက ထုတ်ဖော်ပြောလာခဲ့ ပါတယ်။

စပါးအသင်းက ထွက်လာပြီးနောက် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ နည်းပြ ပွန်ချက်တီနိုက သူ့အနေနဲ့ ဆက်သွယ်မှု တစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ ထုတ်ဖော်ပြောလာပါတယ်။

“သူတို့ ဘာစီလိုနာကို နည်းပြဖို့ ကျွန်တော့်ကို မဆက်သွယ်ခဲ့ဖူးပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တာ်လည်း ဘာတိုမြူနဲ့ တွဲမမြင်ဖူးပါဘူး။”လို့ ပွန်ချက်တီနိုက Marca သတင်းဌာနကို ဆိုခဲ့ပါတယ်။

ပွန်ချက်တီနို စပါးက ထွက်ချိန်မှာ အခြားသော ဥရောပ ထိပ်တန်းလိဂ်က အသင်းကြီးတွေ ဖြစ်ကြတဲ့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့အင်တာမီလန်တို့ကလည်း ၂၀၂၀-၂၁ ဘောလုံးရာသီသစ်အတွက် ချိတ်ဆက်ခဲ့ကြပါသေးတယ်။

“ကျွန်တော်မလိမ်ချင်ပါဘူး၊ကျွန်တော့်ကို ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့အင်တာမီလန်တို့က ဆက်သွယ်လာသလို ဘင် ဖီကာနဲ့ မိုနာကိုတို့လည်း ချိတ်ဆက်ခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာ စပါးနည်းပြအဖြစ်ပဲ ရှိနေ‌သေးတော့ အားလုံးကို ကျွန်တော် ငြင်းပယ်ခဲ့ပါတယ်။”လို့ ပွန်ချက်တီနိုက ဆက်လက်ဆိုပါတယ်။

ဒါ့အပြင် ဘယ်အသင်းကို နည်းပြဖို့ ရည်ရွယ်ထားလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း - “မက်ဒရစ်နည်းပြ ဖြစ်လာမလားဆိုတာတော့ ကျွန်တော်လည်း သေချာမသိပါဘူး၊သေချာတာကတော့ မက်ဒရစ်က ကျွန်တော့် အိပ်မက်ပါ။ရီးရဲဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်တောင် အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။”လို့ ပွန်ချက်တီနိုက ပြောခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ ရီးရဲအသင်းဟာ အသင်းနဲ့အတူ ၃ရာသီဆက် ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဇီဒန်းကို ပြန်လည်ခေါ်ယူ ခန့်အပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က