loading...

loading...

loading...

နည်းပြအယ်လီဂရီအနေနဲ့ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာပါ။
Win Kyaw Min

နည်းပြအယ်လီဂရီအနေနဲ့ ဂျူဗင်တပ်အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် လက်ရှိအချိန်အထိအသင်းလက်မဲ့ဖြစ် နေခဲ့သူပါ။

ဂျူဗင်တပ်အသင်းနည်းပြဟောင်းဖြစ်သူ အယ်လီဂရီအနေနဲ့ အီတလီထိပ်သီးကလပ်အသင်းရဲ့ကမ်းလှမ်းမှုများ ကို ပယ်ချခဲ့ပြီး အနာဂတ်မှာ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်မှုအချို့ပြုလုပ်နေတယ်လို့ Dailym ail ရဲ့ အခိုင်အမာဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာအသင်းလက်မဲ့အဖြစ်ရှိနေခဲ့တဲ့ နည်းပြအယ်လီဂရီကို ခေါ်ယူလိုနေတဲ့အသင်းများတွင်အသင်းဟောင်း ဂျူဗင်တပ်အသင်းအပြင် အေစီမီလန်အသင်းကပါ ခေါ်ယူလိုနေတာဖြစ်ပြီး ကာယကံရှင်ဖြစ်သူက ငြင်းဆန်ပယ် ချခဲ့တာဖြစ်တယ်လို့လည်း အီတလီမီဒီယာ footballitalia က ဖော်ပြထားခဲ့ပါတယ်။



သတင်းဖော်ပြမှုအချို့အရမှာတော့ နည်းပြအယ်လီဂရီအနေနဲ့ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေတာဖြ စ်ပြီး အနာဂတ်ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်လာနို်င်ခြေရှိနေတယ်လို့လည်း သတ င်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

နည်းပြအယ်လီဂရီအနေနဲ့ ရီးရဲလ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲဲ့ စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်ပြီး လက်ရှိအချိန်မှာ ရလဒ်ကောင်းရဖို့ရုန်းကန်နေရပြီး ရာထူးကနေထုတ်ပယ်ခံရနိုင်ချေရှိနေတဲ့ ယူနိုက်တက်နည်း ပြဆိုးလ်ရှားရဲ့ နေရာမှာအစားထိုးခံရနိုင်ခြေအနေအများဆုံးဖြစ်နေခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းတာဝန်ရှိသူတွေအနေနဲ့ အသင်းမှာရှိစဉ်အတွင်း စီးရီးအေချန်ပီယံ ၅ကြိမ်၊ ကိုပါအီတာလီယာ ဖလား ၄ကြိမ်၊ အီတလီစူပါဖလား ၂ကြိမ်ရယူပေးခဲ့တဲ့ နည်းပြဟောင်းအယ်လီဂရီကို လက်ရှိနည်းပြဆာရီရဲ့နေ ရာမှာ ပြန်လည်ခန့်ထားလိုနေပြီး အေစီမီလန်အသင်းကလည်း တရားဝင်ကမ်းလှမ်းဖို့ပြင်ဆင်နေခဲ့ပြီဖြစ်တယ်လို့ Corriere dello Sport ကလည်း ဖော်ပြထားပြန်ပါတယ်။


loading...

က္က