loading...

loading...

loading...

လက်ရှိရာသီရဲ့ ပထမဦးဆုံးကွင်းပိတ်ကစားရတဲ့ ယူရိုပါလိဂ်ဘောလုံးပွဲဖြစ်လာမှာပါ။
Win Kyaw Min

အင်တာမီလန်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ကွင်းပိတ်ကစားစေဖို့ တောင်းဆိုထားခဲ့တာပါ။

ယူအီးအက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ အင်တာမီလန်အသင်းရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ပရိသတ်မပါဘဲကွင်းပိ တ်ကစားစေဖို့ ညွှန်ကြားခဲ့ခြင်းအပေါ် ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် အသိအပြုမှတ်တမ်းတင်လိုကြောင်း အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းကာလသတင်းထွက်ပေါ်မှုတွင် အင်တာမီလန်- လူဒိုဂိုရက်စ်တို့ရဲ့ ယူရိုပါလိဂ် ၃၂သင်းရှုံးထွက်အဆ င့် ဒုတိယအကျော့ပွဲစဉ်အား ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကွင်းပိတ်ကစားစေမယ်လို့ပဲ ယူအီးအက်ဖ်အေ က အတည်ပြုသတင်းထုတ်ပြန်ခဲ့တာပါ။



“ ရောဂါအခြေအနေက ထိန်းချုပ်နိုင်ဖို့ အားစိုက်လုပ်ဆောင်နေရတဲ့အချိန်ပါ။ ပရိသတ်မပါဘဲကစားရမယ့်အခြေ အနေအတွက် အခက်အခဲအချို့ရှိလာနိုင်ပေမယ့် အသင်းတွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့မျှော်လင့် ပါတယ် ” လို့ ယူအီးအက်ဖ်အေပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ မှတ်ချက်ကို footballitalia က ဖော်ပြလာခဲ့တာပါ။

အီတလီနိုင်ငံတောင်ပိုင်းမြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅ဦးအထိရှိလာခဲ့တဲ့အတွက် မလိုလား အပ်တဲ့ ရောဂါပျံ့နှံ့မှုများရှိလာနိုင်တဲ့အခြေအနေကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို အခုလိုကွင်းပိတ်ကစားဖို့ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေ ရှိနေပါတယ်။

အီတလီအာဏာပိုင်များအနေနဲ့ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ် ၂၅တွင် အင်တာမီလန်-ဆမ်ဒိုးရီးယားပွဲစဉ်အပါအဝင် ပွဲ ၄ပွဲကို ရွှေ့ဆိုင်းခဲ့ပြီး လာမယ့်ရက်သတ္တပတ်အတွင်းကစားရမယ့် ပွဲစဉ်များကိုလည်း ရွှေ့ဆိုင်းဖို့ရှိနေခဲ့တဲ့အတွ က် ကွင်းပိတ်ကစားပေးရန် ညွှန်ကြားခဲ့တဲ့ ယူအီးအက်ဖ်အေရဲ့ တောင်းဆိုချက်ကို ဝမ်းပမ်းတသာကြိုဆိုခဲ့တယ် လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


loading...

က္က