အသက် ၁၈ နှစ်သာရှိပါသေးတယ်။

ဘရာဇီးဖွားဖြစ်ပေမယ့် ဖခင်ဖြစ်သူက အီတလီလူမျိုးဖြစ်တာကြောင့် အီတလီနည်းပြ မန်ချီနီက အနာဂတ်အီတလီ လက်ရွေးစင်အသင်းအတွက် ချိန်ရွယ်နေတာပါ။

အာဆင်နယ်အသင်းက လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဂါဘရီရယ်မာတီနယ်လ်လီကို အီတလီလက်ရွေးစင် အသင်းအတွက် ခေါ်ယူနိုင်ရေး နည်းပြ မန်ချီနီက စောင့်ကြည့်နေတယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဂါဘရီရယ်က ဘရာဇီးနိုင်ငံဖွားဆိုပေမယ့် ဖခင်ဖြစ်သူက အီတလီ လူမျိုး ဖြစ်လို့ အီတလီ လက်ရွေးစင်အသင်းအတွက်လည်း ကစားနိုင်ခွင့်ရှိထားသူလို့ သိရပါတယ်။

မနေ့ကတနင်္လာနေ့မှာပဲ အီတလီ ဘောလုံးအဖွဲ့ချုပ်က မာတီနယ်လီကို ဘရာဇီးအတွက် ကိုယ်စားပြုမှုကို ငြင်းပယ်ပြီး အီတလီနိုင်ငံအတွက် ကိုယ်စားပြုနိုင်ရေး စတင် လုပ်ဆောင်နေပြီလို့ ထုတ်ပြန်လာတာပါ။

အီတလီ နည်းပြ မန်ချီနီကတော့ လုပ်ဆောင်ချက်တွေ အားလုံးပြီးသွားရင် မာတီနယ်လီအနေနဲ့ အီတလီအသင်းကို ကိုယ်စားပြုလာမယ်လို့ ယုံကြည်နေပါတယ်။

“ လုပ်ဆောင်ဖို့ကတော့ မလွယ်ပါဘူး၊ အချိန်ယူဖို့ လိုပါတယ်။ ပတ်စ်ပို့စ် ၂ ခုကိုင်ဆောင်ထားသူတွေကို အခုလို ကြိုးပမ်းရတာ အချိန်ယူရပါတယ်။” လို့ မန်ချီနီက သတင်းထောက်ကို ပြောခဲ့တာပါ။

လက်ရှိမှာတော့ ၂၀၂၀ ယူရိုပြိုင်ပွဲအတွက် လူစာရင်းတွေ မကြာခဏပြောင်းနေပေမယ့်လည်း မာတီနယ်လီအ နေနဲ့ အီတလီ လက်ရွေးစင်အသင်းမှာပါဝင်နိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။



အီတလီအသင်းကတော့ အာမေးနီးယားက လစ်ချက်စတိန်းကို အနိုင်မရပဲ အီတလီက ဂရိကို အနိုင်ရပါက ယူရို ၂၀၂၀ ခြေစစ်ပွဲကို ၃ ပွဲအလိုမှာ အောင်ပါပြီ။

မာတီနယ်လီကတော့ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းက စတန်းဒက်လိဂ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ယူရိုပါလိဂ် ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တာကြောင့် အသက်အငယ်ဆုံး အာဆင်နယ်အတွက် ဥရောပသွင်းဂိုး၂ ဂိုးကို တစ်ပွဲတည်း သွင်းယူနိုင်သူ ဖြစ်လာပါတယ်။

အကြောင်းကတော့ သူ့ရဲ့ အသက်က ၁၈ နှစ်နဲ့ ၁၀၇ ရက်သာ ရှိသေးတာကြောင့် ဖြစ်ပြီး အာဆင်နယ်နည်းပြ အူနိုင်းအတွက်အားထားရမယ့် တိုက်စစ်မှူးနောက်တစ်ဦးအဖြစ် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က