နည်းပြမန်စီနီအနေနဲ့ အသင်းသားတွေကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။
Win Kyaw Min

ဥရောပထိပ်သီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီတလီနိုင်ငံအနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ဥရောပဖလားပြိုင်ပွဲ၁၅ကြိမ်အတွင်း ၁၉၆၈ ခုနှစ်ကချန်ပီယံဆုတစ်ကြိမ်ရရှိထားခဲ့ပါတယ်။

အီတလီလက်ရွေးစင်အသင်းနည်းပြမန်စီနီက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများအတွက် ဖြေသိမ့် စရာကအားကစားအဖွဲ့တွေရဲ့စွမ်းဆောင်မှုသာဖြစ်လာနိုင်ကြောင်း၊ယူရိုပြိုင်ပွဲမှာလည်းချန်ပီယံအဖြစ်ရပ်တည် ပေးနိုင်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို football italia ရဲ့ဖော်ပြချက်အရသိရပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆု ၄ကြိမ်ရရှိထားခဲ့ဖူးတဲ့ အီတလီလက်ရွေးစင်အသင်းအနေနဲ့ ဥရောပပွဲစဉ်တွေမှာတော့ေ အာင်မြင်မှုနည်းပါးခဲ့ပြီး ၁၉၆၈ နောက်ပိုင်း ယူရို ၂၀၀၀၊ ယူရို၂၀၁၂ တွေမှာ ဒုတိယ ၂ကြိမ်၊ ၁၉၈၀ မှာ စတုထ္ထ ၁ကြိမ်တို့သာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။



“ အီတလီဘောလုံးလောက ပုံမှန်အခြေအနေပြန်ရောက်ဖို့အရေးကြီးပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာဒ ဏ်ရာရခဲ့တဲ့ပြည်သူတွေအတွက် အသင့်ဖြစ်နေရပါလိမ့်မယ်။ အခုအချိန်မှာ အီတလီပြည်သူတွေအတွက်ဖြေ သိမ့်စရာက အားကစားပြိုင်ပွဲတွေကနေ အောင်မြင်မှုရယူပေးဖို့ပါပဲ။ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကိုမဖြစ်မနေအ ရယူဖို့ လိုအပ်သလို ယုံကြည်မှုလည်းအပြည့်ရှိပါတယ် ” လို့ အီတလီနည်းပြမန်စီနီက ဆိုလိုက်တာပါ။

ယူရို ၂၀၂၀ ပြိုင်ပွဲအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၁ သို့ရွှေ့ပြောင်းထားပြီးဖြစ်သလို လက်ရှိအချိန်အထိ လည်း ပြန်လည်ကျင်းပနိုင်မယ့်ရက်ကို ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ယူအီးအက်ဖ်အေတို့အကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အီတလီနိုင်ငံအနေနဲ့ ယူရို၂၀၂၀ ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားတယ်ဆိုပေမယ့် ရောမမြို့ပ တ်ဝန်းကျင်အတွင်း ရောဂါကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ မှတ်တမ်းကြောင့် အိမ်ရှင်အဖြစ်ကျင်းပခွင့် ရုတ်သိမ်း ခံရမယ့်အခြေအနေကို စပိန်နိုင်ငံနဲ့အတူ ရင်ဆိုင်နေရတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


က္က