ကွင်းအတွင်းက ထွက်ခွာရာမှာ အနှေးဆုံးလမ်းလျှောက်နှုန်းနဲ့ ထွက်ခွာခဲ့တာပါ။

ချယ်ဆီးဂန္တဝင်တိုက်စစ်မှူး ဂူဂျွန်ဆင်ဟာ ယူရိုုပါလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းက ချယ်ဆီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အိုဇေးလ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းအနေနဲ့ ကိုယ့်ဘာသာကိုယ် အရှက်ရသင့်တယ်လို့ BT Sports ကို ပြောကြားခဲ့ပါတယ်။

အိုဇေးလ်ဟာ ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အကျိုးသက်ရောက်မှုရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ချယ်ဆီးအသင်းက အူနိုင်းအမ်မရီရဲ့ အာဆင်နယ်အသင်းကို သက်တောင့်သက်သာနဲ့ အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားကို သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။



အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ဒုတိယပိုင်းပြီးဆုံးဖို့ ၁၅ မိနစ်ခန့်မှာ အိုဇေးလ်ကို လူစားလဲလှယ်ခဲ့ပြီး လူငယ်ကစားသမား ဂျိုးဝီလ်လော့ခ်ကို ထည့်သွင်းကစားစေခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ဟာ လူစားလဲလှယ်ဖို့ ကွင်းအတွင်းက ထွက်ခွာရာမှာ နှေးကွေးစွာ လျှောက်လှမ်းနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေပေမယ့် ကွင်းအတွင်းက လျင်လျင်မြန်မြန်ထွက်ခွာလိုတဲ့ပုံစံမျိုး ပြသခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

BT Sports မှာ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ချယ်ဆီးဂန္တဝင်တိုက်စစ်မှူး ဂူဂျွန်ဆင်က အိုဇေးလ်ရဲ့ ကွင်းအတွင်းက ဖြည်းဖြည်းချင်းထွက်ခွာခဲ့တဲ့လုပ်ရပ်ဟာ ပရိသတ်တွေရဲ့ မတ်တပ်ရပ်လက်ခုပ်တီးပေးခြင်းကို လိုချင်လို့ဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ပါတယ်။

“တကယ်လို့ ခင်ဗျားသာ အာဆင်နယ်အသင်းရဲ့နည်းပြသာဆိုရင် ကျွန်တော့်ကို ခင်ဗျား ပြောမယ့်အရာတစ်ခုက ခင်ဗျား ဗိုလ်လုပွဲမှာ ၄-၁ နဲ့ ရှုံးနိမ့်နေတယ်။ ခင်ဗျား အိုဇေးလ်ကို ထုတ်လိုက်ပြီး သူက ပရိသတ်တွေရဲ့ မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုမှာကို စောင့်ဆိုင်းနေသလို အနှေးဆုံးလမ်းလျှောက်နှုန်းနဲ့ လမ်းလျှောက်နေတယ်”

“ကျွန်တော် စိတ်မကောင်းပါဘူး။ သူ့နေရာမှာ ကျွန်တော်သာဆိုရင် အရှက်ရစရာအဖြစ် ခံစားရမှာပါ။ ခေါင်းကိုငုံ့ပြီး ကွင်းထဲကနေ ပြေးထွက်မှာပါ”

“သူက အံ့အားသင့်ဖွယ် ကစားသမားပါ။ ကြီးမားတဲ့အရည်အသွေးရှိတဲ့ကစားသမားပါ။ ဒါပေမယ့် နည်းပြတစ်ယောက်အနေနဲ့ သူ့ကို ကျွန်တော့်အသင်းထဲမှာရှိနေတာကို ဘယ်တော့မှ မကြည့်ချင်ပါဘူး”လို့ BT Sports ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က