ဟက်ထရစ်သွင်းခဲ့တာပါ။
Kyaw Ko Ko Sint

တစ်ဦးတည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို တစ်ဂိုးလည်း ဖန်တီးနိုင်ခဲ့တဲ့ အိုင်ကာဒီက ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးထိသွင်းပေးထားနိုင်ပါပြီ။

စိန့်အက်စ်တီယန်ကို ၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းအတွက် တစ်ဦးတည်း ဟက်ထရစ်သွင်းယူပေးနိုင် ခဲ့တဲ့ တိုက်စစ်မှူး အိုင်ကာဒီကို ကစားဖော် ဗာရက်တီက ချီးကျူးပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။



ဒီနှစ်အစမှာမှ စီးရီးအေ ကလပ်အင်တာမီလန်ကနေ ကနဦး အငှားနဲ့ရောက်ရှိလာခဲ့တဲ့အိုင်ကာဒီအနေနဲ့ ဒီရာသီ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

“မာအူရိုလား?သူဘောလုံးကို ထိချင်မှ ထိလိမ့်မယ်၊ဒါပေမယ့် ဘောလုံးသူ့ဆီလာလိမ့်မယ်ဆိုတာကိုသူကြိုသိထား ပြီးသားပါ၊နောက်ပြီး သူအဆုံးသတ်နိုင်ပါလိမ့်မယ်။သူကအမြဲတမ်း အဆင်သင့်အနေအထားမှာ ရှိနေသူပါ။တကယ် ပါကျွန်တော်တို့ တစ်သင်းလုံး သူဒီလောက်ထိ ကောင်းလိမ့်မယ်လို့ကို မထင်ထားတာပါ။ဘယ်ကစားသမားအ တွက်မဆို အသင်းသစ်နဲ့ ပထမဆုံး ၆ လက အမြဲတမ်း ခက်ခဲပါတယ်။ဒါပေမယ့် သူ့အတွက်ကတော့ တကယ်ကို မယုံကြည်နိုင်ဖွယ်ရာ မြင်တွေ့နေရသလို နောက်ထပ်လည်း မြင်တွေ့ရဦးမယ်လို့ ယုံပါတယ်။”လို့ ဗာရက်တီက Canal+သတင်းဌာနကို ပြောသွားတာပါ။

အိုင်ကာဒီက ပြင်သစ်လီဂူမှာလည်း အသင်းအတွက် ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်ပြီး လက်ရှိမှာ အသင်း ရဲ့ အဓိက တိုက်စစ်မှူးအဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က