စီရော်နယ်ဒိုအနေနဲ့ အသင်းရဲ့အပြောင်းအရွှေ့ပေါ်လစီအချို့အပေါ် မှတ်ချက်ပြု၊ အကြံပေးမှုများပြုလုပ်နေခဲ့တာပါ။
ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုအနေနဲ့ အသင်းရဲ့အပြောင်းအရွှေ့လုပ်ငန်းစဉ်အချို့ကိုထောက်ခံ ခဲ့ပြီး အင်တာမီလန်အသင်းခေါင်းဆောင်အိုင်ကာဒီကိုခေါ်ယူမယ့်အစီအစဉ်ကို ထောက်ခံခဲ့တယ်လို့Marca.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အင်တာမီလန်အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ အိုင်ကာဒီကို ခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ်အသင်းအ ချို့ရှိနေခဲ့ပြီး လက်ဦးမှုရယူနိုင်ရေးအတွက် ဂျူဗင်တပ်အသင်းတာဝန်ရှိသူတွေကို စီရော်နယ်ဒိုက အခုလိုသတိ ပေးခဲ့တာပါ။
လက်ရှိမှာ ဝါရင့်တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဟီဂူအင်၊ မန်ဇူကစ်တို့အနေနဲ့ အသက်အရွယ်အရ ပွဲချိန်ပြည့်ကစားနိုင် ရန်လိုအပ်နေခဲ့ပြီး လူငယ်တိုက်စစ်မှူးမွိုက်စ်ကိန်း အသင်းပြောင်းရွှေ့ခဲ့ခြင်းများကြောင့် တိုက်စစ်ကစားသမား သစ်တစ်ဦးခေါ်ယူဖို့ ဂျူဗင်တပ်တို့ ပိုပြီးအားစိုက်နေခဲ့တာလည်းဖြစ်ပါတယ်။
သတင်းဖော်ပြမှုတွေအရ အိုင်ကာဒီ၏အေးဂျင့်အနေနဲ့ ဂျူဗင်တပ်အသင်းတာဝန်ရှိသူတွေကို သီးသန့်တွေ့ဆုံမှု အချို့ပြုလုပ်ထားပြီးဖြစ်ပြီး အင်တာမီလန်အသင်းကတော့ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၇၀၀န်းကျင်အ လိုရှိနေခဲ့တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေတာပါ။
ရာသီသစ်အတွက် နည်းပြသစ်ခန့်အပ်ထားခြင်းနဲ့အတူ ပြင်ဆင်မှုများပြုလုပ်နေတဲ့ ဂျူဗင်တပ်အသင်းဟာ က စားသမားသစ် ၇ဦးအထိခေါ်ယူထားပြီး အပြောင်းအရွှေ့အတွက် ယူရိုသန်း ၁၅၀ ကျော်အထိအသုံးပြုထားခဲ့ ပါတယ်။