ရီးရဲ ကစားဖော််််ဟောင်း ၈ဦးထိ ပါဝင်နေပါတယ်။
Kyaw Ko Ko Sint

ရီးရဲမှာ ကစားစဥ်က ကစားဖော် ၈ဦးထိ ရွေးချယ်ထားပြီး နိုင်ငံ လက်ရွေးစင် ကစားဖော် ၂ဦးနဲ့ အာဆင်နယ် ကစားဖော်ဟောင်း ၁ဦးသာ ပါဝင်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂျာမနီ လက်ရွေးစင် ကစားသမား အိုလ်ဇေးရဲ့ အိပ်မက်အသင်းမှာ ကမ္ဘာ့အကောင်းဆုံးဆု ကို ၆ကြိမ်ရရှိထားတဲ့ လီယွန်နယ်မက်ဆီ မပါဝင်ခဲ့သလို လက်ရှိကစားနေတဲ့ အာဆင်နယ် ကစားသမားတွေထဲ ကလည်း တစ်ဦးသာ ပါဝင်လာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက နှစ်ဦးပါဝင်ပြီး အာဆင်နယ် ကစားသမားဟောင်း ကာဇိုလာပြီးရင် ကျန်ကစားသမား တွေအကုန်လုံးက ရီးရဲ ကစားမားတွေသာ ဖြစ်ပါတယ်။

ဂိုးသမား နေရာမှာ ကာဆီးလက်စ်၊နောက်တန်းမှာ ဖိလစ်လမ်း၊ဘိုတန်၊ရာမို့စ်နဲ့မာဆယ်လို၊အလယ်တန်းမှာ အလွန်ဆို၊ကာဇိုလာ၊ဒီမာရီယာ၊ကာကာနဲ့ရော်နယ်ဒိုတို့ပါဝင်ပြီး တိုက်စစ်မှူးအဖြစ် ဘန်ဇီးမားကို ရွေးချယ် ထားတာပါ။

အိုလ်ဇေးကတော့ ရီးရဲအသင်းမှာ ၂၀၁၀ကနေ ၂၀၁၃အထိ ၄နှစ်ကြာ ကျင်လည်ခဲ့ပြီး လာလီဂါနဲ့ကိုပါဒယ်ရေးကို တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အိုလ်ဇေးရဲ့ စိတ်ကူးထဲက အကောင်းဆုံးအသင်းကတော့ အသင်းစွဲ နည်းနည်းရှိဟန်ပေါ်ခဲ့ပြီး ဘဝတစ်လျှောက် ပြိုင်ဖက် ကစားသမားအဖြစ် အပြင်းအထန် ရင်ဆိုင်ခဲ့ဖူးတဲ့ မက်ဆီကို ချန်လှပ်ခဲ့တာလည်း စိတ်ခံမှု ပါဝင်နေ တယ်လို့ ယူဆနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က