လူငယ်ကစားသမားဘဝမှာ ဂိုးပိုသွင်းယူနိုင်ခဲ့တာပါ။

ဘတ်ပီဟာ ဆယ်ကျော်သက်ကစားသမားဘဝမှာပဲ အနာဂတ်ဘောလုံးလောကကို ဦးဆောင်မယ့်သူလို့ ညွှန်းဆိုခံထားရသူ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီရဲ့ အသက် (၂၀) စွမ်းဆောင်ရည်ဟာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ အဆိုပါအသက်အရွယ်မှာ ပြုလုပ်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ထက် ပိုမိုသာလွန်နေတယ်လို့ စပိန်သတင်းစာ Marca က အချက်အလက်တွေနဲ့ ဖော်ပြခဲ့ပါတယ်။ ဘတ်ပီဟာ ဆယ်ကျော်သက်ကစားသမားဘဝမှာပဲ အနာဂတ်ဘောလုံးလောကကို ဦးဆောင်မယ့်သူလို့ ညွှန်းဆိုခံထားရသူ ဖြစ်ပါတယ်။



ဘတ်ပီဟာ ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးသူဖြစ်ပြီး ကစားသမားဘဝမှာ များပြားလှတဲ့ စံချိန်မှတ်တမ်းတွေကိုလည်း ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ လူငယ်ကစားသမားဘ၀ စွမ်းဆောင်ရည်အချက်အလက်မှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ အခုလိုပဲ မြင်တွေ့ရပါတယ်။

အသက် (၂၀)အရွယ်မှာ ဘတ်ပီက မိုနာကို၊ ပီအက်စ်ဂျီ နဲ့ ပြင်သစ်အသင်းတို့အတွက် ဘတ်ပီက စုစုပေါင်း (၉၆)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးတော့ မက်ဆီက အဆိုပါအသက်အရွယ်မှာ ဂိုးပေါင်း (၃၀)အထိသာ သွင်းယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးကို ကြည့်မယ်ဆိုရင်လည်း ဘတ်ပီက (၁၄)ဂိုး ရရှိထားပြီး မက်ဆီက (၁၁)ဂိုး နဲ့ ရော်နယ်ဒိုက (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ကစားသမားတွေရဲ့ လက်ရှိခြေစွမ်းပိုင်းအရ နှိုင်းယှဉ်တာမျိုးမဟုတ်ပဲနဲ့ အသက် (၂၀)အရွယ်မှာ စွမ်းဆောင်နိုင်ခဲ့မှုအပေါ် အခြေခံပြီးတော့ Marca က ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီကတော့ ကမ္ဘာ့ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးနိုင်ခဲ့ပြီး ကျော်ကြားခဲ့သူတွေ ဖြစ်ပါတယ်။

ဒီရာသီမှာ ဘတ်ပီက ပီအက်စ်ဂျီအတွက် အမှတ်ပေးပြိုင်ပွဲသွင်းဂိုး (၃၀)အထိ သွင်းယူပေးထားပြီး ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီကို ဖိအားပေးနေသူဖြစ်ပါတယ်။ မက်ဆီက လာလီဂါသွင်းဂိုး (၃၃)ဂိုး သွင်းယူပေးထားလို့ သူတို့နှစ်ဦးကြားမှာ (၃)ဂိုးသာ ကွာခြားမှုရှိပြီး

လက်ကျန်ပွဲစဉ်တွေမှာ ဘယ်သူက ဥရောပရွှေဖိနပ်ဆုကို ရယူသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က