၉ နှစ်အတွင်း ဆုဖလားပေါင်း ၁၉ လုံးရရှိခဲ့တာပါ။
Pyae Phyo Thein

ပြင်သစ်လန်းစ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဗာရာနီဟာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် လက်ရှိမှာ ပွဲပေါင်း ၄၀၀ ကျော်ကစားပေးထားခဲ့ပြီဖြစ်ကာ ဆုဖလား ၁၉ လုံးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူရာဖေးလ်ဗာရီနီရဲ့ ဆုဖလားအောင်မြင်မှုရရှိထားခဲ့တာတွေက ပရိသတ်တွေကြားမှာတော့ အံ့အားသင့်စရာအဖြစ် ရှိနေခဲ့ပါပြီ။ အသက်၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ရီးရဲလ်နဲ့အတူ ဒီရာသီမှာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးတော့ သူ့ရဲ့အောင်မြင်မှုစာရင်းထဲကို ထပ်မံထည့်သွင်းထားနိုင်ခဲ့ပါတယ်။

ပြင်သစ်လန်းစ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဗာရာနီဟာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် လက်ရှိမှာ ပွဲပေါင်း ၄၀၀ ကျော်ကစားပေးထားခဲ့ပြီဖြစ်ကာ ဆုဖလား ၁၉ လုံးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။ လာလီဂါဆုဖလား ၃လုံး၊ ဥရောပစူပါဖလား ၃လုံး၊ စပိန်စူပါဖလား ၃လုံး၊ ချန်ပီယံလိဂ်ဖလား ၄လုံး၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ၄ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား တစ်လုံးတို့ကို ရီးရဲလ်နဲ့အတူရရှိထားခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ဗာရာနီက ရပ်တည်ထားနိုင်ခဲ့ပြီး အဆိုပါအောင်မြင်မှုတွေအားလုံးမှာ အဓိကကစားသမားအဖြစ် ပါဝင်နေခဲ့တာလည်းဖြစ်ပါတယ။် ကလပ်အသင်းအဆင့်မှာလည်း ရနိုင်သမျှဆုဖလားအားလုံးကို ဆွတ်ခူးထားနိုင်ခဲ့ပြီး ဖြစ်ကာ နိုင်ငံကစားသမားဘဝမှာလည်း အမြင့်ဆုံးဆုဖလားကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

အသက်အရွယ်အားဖြင့်လည်း ကစားသမားဘဝအကောင်းဆုံးအချိန်ကိုတောင် မရောက်ရှိသေးတာကြောင့် နောက်ထပ်အောင်မြင််မှုတွေကို ထပ်မံရယူနိုင်ဦးမှာလည်းဖြစ်ပါတယ်။ တွစ်တာပေါ်မှတော့ ဗာရာနီရဲ့ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ အောင်မြင်မှုတွေရရှိမှုအပေါ် ပရိသတ်တွေက အံ့သြချီးကျူးနေခဲ့ကြပြီး ဒီအောင်မြင်မှုအားလုံးကို ၉ နှစ်အတွင်းမှာ ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က