မယုံကြည်နိုင်စရာ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။
Pyae Phyo Thein

ဟာလန်းဟာ စုစုပေါင်း ၁၀၇ ပွဲကစားခဲ့အပြီးမှာပဲ ဂိုးပေါင်း ၇၉ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 


နော်ဝေ နဲ့ ဒေါ့မွန်တို့ရဲ့ လူငယ်ကြယ်ပွင့်အာလင်းဟာလန်းဟာ သူ့ရဲ့ အသက် ၂၀ အရွယ်မှာပဲ ကလပ်နဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုးပေါင်း ၆၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ ဟာလန်းဟာ စုစုပေါင်း ၁၀၇ ပွဲကစားခဲ့အပြီးမှာပဲ ဂိုးပေါင်း ၇၉ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ်ရပ်တည်နေတဲ့ လီယွန်နယ်မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ အသက် ၂၀ အရွယ်က စွမ်းဆောင်မှုတွေထက်တောင် ပိုမိုကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှရောက်ရှိခဲ့ပေမယ့်လည်း အလျင်အမြန်အထိုင်ကျခဲ့ပြီး ခြေစွမ်းပြခဲ့ကာ ပြီးခဲ့တဲ့ရာသီက ဆဲလ်ဘတ် နဲ့ ဒေါ့မွန်အတွက် စုစုပေါင်း ၄၄ ဂိုးအထိ ရရှိခဲ့ပါတယ်။ 

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Mundo Futbal ရဲ့ ဖော်ပြချက်အရဆိုရင်တော့ မက်ဆီဟာ အသက် ၂၀ အရွယ်မှာ ပွဲပေါင်း ၉၂ ပွဲကစားခဲ့ပြီး ၃၂ ဂိုးသွင်းယူကာ ၈ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ရော်နယ်ဒိကတော့ ၁၂၃ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၂ဝရရှိခဲ့ကာ ၂၄ ကြိမ်အထိ ဂိုးဖန်တီးပေးထားခဲ့ပြီး ဟာလန်းက သူတို့နှစ်ဦးပေါင်းရဲ့ သွင်းဂိုးထက် ပိုမိုများပြားနေခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးကြီးရော်နယ်ဒိုရဲ့ စံချိန်ကိုတော့ သူတို့အားလုံးလိုက်မီခဲ့ခြင်းမရှိဘဲ ရော်နယ်ဒိုကြီးက အသက် ၂၀ အရွယ်မှာ စုစုပေါင်း ၁၀၄ ပွဲအထိ ကစားခဲ့ပြီး ၉၈ ဂိုးသွင်းကာ ၁၀ ကြိမ်ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း နော်ဝေလက်ရွေးစင်အသင်းအတွက် ၂ပွဲကစားပေးခဲ့ကာ ၃ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ ဟာလန်းကို ရော်နယ်ဒို၊ မက်ဆီတို့ခေတ်ကုန်ဆုံးပြီးနောက် ဘောလုံးလောကမှာ ထင်ရှားကျော်ကြားလာမယ့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး သူ ဘယ်လောက်ထိတောက်ပမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 


Author


က္က