ဂျူဗင်တပ် နည်းပြသစ်ဆာရီက ရော်နယ်ဒိုကို သီးသန့် သွားရောက်တွေ့ဆုံခဲ့တာပါ။

ရော်နယ်ဒိုကဂျူဗင်တပ်ကို မနှစ်က စရောက်ရှိတဲ့နှစ်မှာပဲ စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားခဲ့သူ ဖြစ်ပါတယ်။

ဂျူဗင်တပ် နည်းပြသစ်ဖြစ်လာတဲ့ ဆာရီအနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ သီးသန့်တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။



ရော်နယ်ဒိုအနေနဲ့ လက်ရှိမှာ မိသားစုနဲ့အတူ အနားယူအပန်းဖြေနေတာ ဖြစ်တာကြောင့် ဆာရီအနေနဲ့ ရော်နယ်ဒို အနားယူအပန်းဖြေနေတဲ့ နာဗာရီနိုကျွန်းအထိ သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အီတလီသတင်းဌာန တစ်ခုဖြစ်တဲ့ ဂတ်ဇက်တာဒယ်လ်လိုစပို့စ်က ဆာရီက ရော်နယ်ဒိုဆီကနေ လာမယ့်ရာသီမှာ ဂိုး ၄၀ အထိ မြင်တွေ့လိုတဲ့အကြောင်း ပြောခဲ့တယ်လို့ ထုတ်ဖော်ရေးသားလာခဲ့ပါတယ်။

ဆာရီအနေနဲ့ ဂျူဗင်တပ် နည်းပြသစ်အဖြစ်မိတ်ဆက်ပွဲအခမ်းအနားမှာလည်း ရော်နယ်ဒိုဆီက စံချိန်တွေ ထပ်မံ ချိုးဖျက်တာ မြင်ချင်နေပြီလိုု့ ထုတ်ဖော်ပြောထားတာ ရှိပါသေးတယ်။

ဆာရီနဲ့ရော်နယ်ဒိုတွေ့ဆုံမှုမှာ သူငယ်ချင်းတွေ၊မိသားစုဝင်တွေ၊အပါအဝင် သူ့ရဲ့ ကလေးငယ်တွေနဲ့အတူနေ ချစ်သူ ဂျော်ဂျီနာတို့လည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။

ဂျူဗင်တပ်အသင်းကတော့ လက်ရှိမှာ ကစားသမား ဖြည့်တင်းမှုအဖြစ် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးကို အလွတ်နဲ့ခေါ်ယူထားနိုင်ပြီ ဖြစ်ပြီး အေဂျက်အသင်းက ဒတ်ချ်လက်ရွေးစင်နောက်ခံလူ ဒီလိုက်ကိုလည်း ပီအက် စ်ဂျီ၊ဘာစီလိုနာတို့နဲ့အပြိုင် ခေါ်ယူနိုင်ရေးကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုကတော့ မနှစ်က ဂျူဗင်တပ်ကို စတင်ရောက်ရှိတဲ့နှစ်မှာပဲ အသင်းနဲ့အတူ စီးရီးအေဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို စီးရီးအေ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က