ဘာစီလိုနာကလည်း အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလအတွင်း ကစားသမားတွေအနေနဲ့ လစာငွေ ၇၀%အထိ လျှော့ယူသွားမယ်လို့ အတည်ပြုပြောဆိုလိုက်ပြီဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ အသင်းကို ဘယ်လိုကူညီနိုင်မယ့်နည်းလမ်းကို ရှာဖွေနေရလို့လည်း အခုလိုနှောင့်နှေးနေခဲ့တာလို့ ဆိုခဲ့ပါတယ်။ 



"ကျွန်တော်တို့ရဲ့ လစာကို လျှော့ချဖို့အတွက် အမြဲတမ်းလိုလားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်၊ လက်ရှိအချိန်ကာလက အရင်လိုတူညီမှုမရှိဘူးဆိုတာကို ကျွန်တော်တို့နားလည်ပါတယ်၊ အသင်းက ပြောဆိုလာခဲ့တဲ့အချိန်မှာ ကစားသမားတွေက ကူညီသွားဖို့အတွက် အမြဲတမ်းအသင့်ရှိနေတာပါ"

"ကျွန်တော်တို့ကို ဖိအားတွေအောက်ရောက်ဖို့အတွက် လုပ်နေသူတွေရှိတာကိုလည်း မအံ့သြပါဘူး၊ ကျွန်တော်တို့ ဘာလုပ်ရမလဲ၊ ဘာလုပ်နိုင်လဲဆိုတာကို အမြဲတမ်းသိပါတယ်၊ ကျွန်တော်တို့ အခုအချိန်ထိ ဘာတစ်ခုမှမပြောခဲ့ဘူးဆိုတာက အသင်းကိုကူညီဖို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဦးစားပေးရှာဖွေနေလို့ပါပဲ၊ ဒီကာလအတွင်းမှာ ဘယ်သူတွေက ထိခိုက်နစ်နာမှုအများဆုံးရှိလဲဆိုတာကိုလည်း ကျွန်တော်တို့ လေ့လာနေတာပါ"

"အခု ကျွန်တော်တို့ရဲ့ လစာငွေကို ၇၀%အထိ လျှော့ချပေးတော့မှပါ၊ အသင်းဝန်ထမ်းတွေကို လုပ်ခလစာအပြည့်ပေးနိုင်ဖို့အတွက် အသင်းကို ကျွန်တော်တို့ ကူညီသွားမှာပါ" လို့ မက်ဆီက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ရေးသားပြောဆိုခဲ့တယ်လို့ BBC က ဖော်ပြသွားခဲ့ပါတယ်။ 

လက်ရှိလစာငွေလျှော့ချမှုမှာ ဘာစီလိုနာအသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေ၊ ဒါရိုက်တာတွေနဲ့ ဘောလုံးအသင်း၊ ဘတ်စကတ်ဘောအသင်းတို့ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း ကစားသမားတွေရဲ့ ပူးပေါင်းမှုအတွက် ကျေးဇူးတင်တင်စကားဆိုခဲ့ပြီး လစာလျှော့ချမယ့်သတင်းကို အတည်ပြုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က