လာမယ့်သောကြာနေ့မှာ ဂျူဗီနဲ့ လိုင်ယွန်တို့ ကစားရမှာပါ။
Pyae Phyo Thein

လာမယ့်သောကြာနေ့မှာ လိုင်ယွန်က အဝေးကွင်းမှာ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ကို ကစားရမှာဖြစ်ပြီး ပထမအကျော့အိမ်ကွင်းမှာတော့ ၁-၀ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ 


လိုင်ယွန်အသင်းခေါင်းဆောင်မမ်ဖစ်ဒီပိုင်းက အကြောက်တရားမရှိဘဲကစားခြင်းက ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ကနေ နောက်ကောက်ချပစ်နိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ လာမယ့်သောကြာနေ့မှာ လိုင်ယွန်က အဝေးကွင်းမှာ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ကို ကစားရမှာဖြစ်ပြီး ပထမအကျော့အိမ်ကွင်းမှာတော့ ၁-၀ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ 

လိုင်ယွန်အနေနဲ့ သရေကျတာနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့ကတော့ ပီအက်စ်ဂျီကို လိဂ်ဖလားဗိုလ်လုပွဲမှာ အရေးနိမ့်ထားခဲ့ပါတယ်။ အဲဒီပွဲဟာ လိုင်ယွန်အတွက်တော့ မတ်လကစတင်ပြီးနောက်ပိုင်း ပထမဆုံးပြန်လည်ကစားခဲ့တဲ့ပွဲစဉ်လည်းဖြစ်ကာ ဒီကာလအတွင်းမှာ ဂျူဗီကတော့ ပွဲအများအပြားကစားထားခဲ့ရပါတယ်။ 

ဒူးဒဏ်ရာခွဲစိတ်ခဲ့ပြီးနောက် ပြန်လည်ကစားနိုင်ပြီဖြစ်တဲ့ ဒီပိုင်းက "ပထမအကျော့ကတော့ ဒူးဒဏ်ရာကြောင့် ကျွန်တော် ဒီတိုင်းပဲကြည့်နေခဲ့ရပါတယ်၊ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာထက်သန်မှုက ကျွန်တော့်ကို ပျော်ရွှင်စေခဲ့ပါတယ်၊ ဂျူဗီကတော့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့လတွေမှာ အရာအားလုံးက ကွဲပြားခြားနားသွားပါတယ်၊ သူတို့က ကျွန်တော်တို့ထက်ပိုပြီး ပွဲတွေကစားထားပါတယ်၊ ဒါကြောင့် နေရာစုံမှာ ကွဲပြားမှုတွေရှိလာခဲ့ပါတယ်"

"သူတို့နဲ့ ရင်ဆိုင်ဖို့တော့ ကျွန်တော်အသင့်ဖြစ်နေပါပြီ၊ ဒီလိုဖြစ်နေအောင်လည်း ဒီကာလအတွင်းမှာ ဖြစ်ခဲ့တာပါ၊ နောက်ဆုံး ၈ သင်းအဆင့်က တစ်ကျော့တည်းကစားရမှာဖြစ်ပြီး ဘယ်အသင်းမဆို ရေပန်းစားနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ တစ်ကျော့တည်းကစားရတာမို့လို့ပါ၊ သူတို့မှာ ဗိုလ်လုပွဲကစားဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတွေအများကြီးရှိနေပါတယ်"

"ကျွန်တော်တို့က လူငယ်ကစားသမားတွေများပြားပြီး အတွေ့အကြုံလည်း နည်းပါးပါတယ်၊ ကျွန်တော်တို့အသင်းက စိတ်အားထက်သန်တဲ့အသင်းဖြစ်ပြီး အကြောက်အလန့်မရှိကစားနိုင်တာက သူတို့ကို ပြိုင်ပွဲကထွက်ခွာသွားစေနိုင်မယ့် အရည်အသွေးတစ်ခုပါပဲ" လို့ ဒီပိုင်းက UEFA ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က