ယူရိုပါလိဂ် ဆီမီးမှာ ဆီဗီလာနဲ့တွေ့ဆုံနေတာပါ။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဆီဗီလာအသင်းနဲ့ တွေ့ဆုံနေပြီး ယူနိုက်တက်က ဒီနှစ် ဥရောပ ပြိုင်ပွဲ နှစ်ရပ်မှာ တစ်သင်းတည်းကျန်တဲ့ အင်္ဂလန်ကလပ်ဖြစ်ပါတယ်။

ဆီဗီလာအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်မှာ အသင်းရဲ့ အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေကိုသာ ပွဲထုတ်အသုံးပြုမယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



ယူနိုက်တက်အတွက် ၂၀၁၆-၁၇ ယူရိုပါလိဂ်ဆုဖလားရရှိပြီးနောက် ပထမဆုံး ဆုဖလားအောင်မြင်မှုကို ရရှိနိုင်ဖို့ နှစ်ပွဲသာ အနိုင်ကစားဖို့ လိုတော့တာပါ။

ဒီနှစ်မှာတော့ ယူနိုက်တက်ဟာ လိဂ်ဖလားနဲ့အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အသီးသီး တက်လှမ်းနိုင်ခဲ့ပေမယ့် ပြိုင်ပွဲအသီးသီးမှာ ရှုံးနိမ့်ခဲ့ပါတယ်။

“ဆီမီးဖိုင်နယ်ဆိုတာ အကောင်းဆုံး အသင်းတွေနဲ့ပဲ ရင်ဆိုင်ရတာပါ။ဒီအချိန်မှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ပွဲထုတ်ရမှာပါ။ပြိုင်ပွဲကို ၁၀၀ရာခိုင်နှုန်း အာရုံစိုက်ဖို့လိုသလို ဆီမီးဖိုင်နယ်မှာ ရှုံးတာ ဘယ် လောက်နာကျင်ရသလဲဆိုတာ ကျွန်တော်တို့ သိရှိထားပြီးသားလည်း ဖြစ်ပါတယ်။”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုပင်ဟေဂင်အသင်းကို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့သလို ယူရိုပါလိဂ် ၅ ကြိမ်ချန်ပီယံ ဆီဗီလာကလည်း ဝုလ်ကို တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ရခဲ့တာပါ။

“ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲအတွက် ပြန်လည်ပြင်ဆင်ဖို့နဲ့ ကြံ့ခိုင်မှု ပြန်လည်မြှင့်တင်ဖို့ ပိုကောင်းတဲ့အချိန်တစ်ခု ရခဲ့ပါတယ်။ပြိုင်ပွဲတစ်ခုနဲ့တစ်ခုအကြား ၆ရက်အကြာ နားရက်ရတာ သိပ်တော့ ဖြစ်လေ့မရှိပါဘူး။”လို့ ဆိုးလ်ရှားက ဆက်လက်ဆိုပါတယ်။

ဆိုးလ်ရှားက ယူနိုက်တက်နဲ့ ကစားသမားဘဝမှာ နောက်ဆုံး ဆုဖလားရခဲ့တာက ၂၀၀၆-၀၇တုန်းက ပရီးမီးယား လိဂ် ချန်ပီယံဆုဖြစ်ပြီး နည်းပြဘဝ နောက်ဆုံး အောင်မြင်မှုကတော့ မိုလ်ဒီအသင်းနဲ့ နော်ဝေလ်ဖလား ဆွတ်ခူး ထားတာပါ။

လက်ရှိ ဥရောပ ပြိုင်ပွဲ ၂ရပ်စလုံးမှာ အင်္ဂလန်ကိုယ်စားပြုအသင်းဆိုလို့လည်း မန်ချက်စတာ ယူနိုက်တက်အသင်း တစ်သင်းတည်းသာ ကျန်တော့တာြဖစ်ပြီး အင်္ဂလန်ရဲ့ ဂုဏ်ကို ယူနိုက်တက် မြှင့်တင်ပေးနိုင်မလား စိတ်ဝင်စား ဖွယ် စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က