ကွင်း ၈ကွင်းတည်ဆောက်အဆင့်မြှင့်တင်မှုမှာ ခါလီဖာစတေဒီယံက အစောဆုံးပြီးစီးနေခဲ့တာပါ။
Win Kyaw Min

ကာတာနိုင်ငံအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တည်ဆောက်ခဲ့တဲ့ ဘောလုံးကွင်းတိုင်းမှာ အဆင့်အမြင့် ဆုံးနည်းပညာများကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြီးစားပြင်ဆင်အဆင့်မြှင့်တင်မှုများပြုလုပ်ထားတဲ့ ကာတာနိုင်ငံရဲ့ခါလီဖာ စတေဒီယံကွင်းကို အာရှတိုက်ရဲ့ အကောင်းဆုံးဘောလုံးကွင်းတစ်ကွင်းအဖြစ် အာရှဘောလုံးအဖွဲ့ချုပ်ကသတ် မှတ်ပေးဖို့ရှိနေတယ်လို့ as.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ခါလီဖာစတေဒီယံကွင်းကို ၁၉၇၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၆အာရှအားကစားပွဲတော်အတွက် ၂၀၀၅ခုနှ စ်ပြုပြင်မှုတွေပြုလုပ်ခဲ့သလို လက်ရှိကွင်းအနေအထားကလည်း ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ၂၀၁၄ ခုနှစ်ကတ ည်းက အကြီးစားပြင်ဆင်မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။



ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရထားတဲ့ ကွင်းအနေနဲ့ ပရိသတ်အနည်းဆုံး ၄၀,ဝဝဝအထိ ဝင်ဆံ့ပြီး အပူချိန်မြင့်မားတဲ့ နိုင်ငံ့ရာသီဥတုအခြေအနေကြောင့်ကွင်းအတွင်း လေအေးပေးစနစ်တပ်ဆင်ထားပြီး  ၂၄ဒီဂရီကနေ ၂၈ ဒီဂရီအကြား ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။

ပရိသတ် ၈၀,၀၀၀ ဆံ့လူဆယ်လ်စတေဒီယံ၊ ပရိသတ် ၆၀,၀၀၀ ဆံ့အယ်လ်ဘရက်စတေဒီယံတို့လောက် ပရိ သတ်ဝင်ဆံ့မှုမရှိပေမယ့် ခါလီဖလာစတေဒီယံမှာ အသုံးပြုထားတဲ့ နည်းပညာပိုင်းတွေအရ ပြိုင်ပွဲကာလအတွင်း လုံခြုံမှုအရှိဆုံးကွင်းအဖြစ်လည်း သတ်မှတ်ထားခဲ့ကြတာပါ။

ပရိသတ် ၁သိန်းကျော်ဝင်ဆံ့တဲ့ မြောက်ကိုရီးယားက ရန်ဂရာဒိုစတေဒီယံ၊ အိန္ဒိယက ဆာဒါပါတ ယ်လ်စတေဒီ ယံ တို့အပြင် မလေးရှားနိုင်ငံက ရှားအလန်ကွင်း၊ ဘူကစ်ဂျာလီကွင်းတွေနည်းတူ အာရှတိုက်ရဲ့အကောင်းဆုံး ကွင်းတွေအဖြစ် ခါလီဖာစတေဒီယံကို သတ်မှတ်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က