ပြည်တွင်းဖလား ၃လုံးကို ဒီရာသီမှာ ပီအကစ်ဂျီနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။
Pyae Phyo Thein

ပီအက်စ်ဂျီကတော့ လက်ရှိမှာ ကွာတားဖိုင်နယ်ကိုရောက်ရှိနေပြီး သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အကောင်းဆုံးအချိန်အခါဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။


ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် အတ္တလန္တာအသင်းနဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင်မှာပဲ နေမာက ပီအက်စ်ဂျီကိုပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့အကောင်းဆုံးပုံစံကို အခုချိန်မှာရရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟာ ၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီအတွက် စုစုပေါင်း ၈၂ ပွဲသာကစားပေးထားရသေးပေမယ့်လည်း ဂိုးပေါင်း ၇၀ အထိ သွင်းယူပေးခဲ့ပါတယ်။ ပြင်သစ်ကလပ်မှာ ဒဏ်ရာပြသနာတွေနဲ့ နေမာက ရင်ဆိုင်ရမှုတွေရှိခဲ့ပေမယ့် ပါဝင်ကစားခဲ့တဲ့ ပွဲတိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ကာ လက်ရှိမှာလည်း သူ့ရဲ့အကောင်းဆုံးပုံစံကို ရရှိနေတာဖြစ်ပါတယ်။ 

"သုံးနှစ်တာကာလအတွင်းမှာ ကျွန်တော် အသိပညာအများကြီးရခဲ့ပါတယ်၊ ပျော်ရွှင်စရာတွေရော၊ အခက်အခဲတွေပါ ကြုံတွေ့ခဲ့ရပြီး ဒဏ်ရာကြောင့် မကစားနိုင်ခဲ့ချိန်တွေက အဆိုးရွားဆုံးပါပဲ၊ ကျွန်တော့်အသင်းဖော်တွေက ကူညီပေးခဲ့ကြလို့ ကျော်ဖြတ်နိုင်ခဲ့ပြီး အရေးကြီးတဲ့အရာတွေကို အာရုံစိုက်နိုင်ခဲ့ပါတယ်၊ ကွင်းအတွင်းမှာလည်း စွမ်းဆောင်ရည်ကောင်းတွေကို ဆုဖလားတွေအဖြစ်ပြောင်းလဲအောင်ပွဲခံနိုင်ခဲ့ပါတယ်"

"ပဲရစ်ကို ကျွန်တော်စရောက်ချိန်ကစပြီးတော့ အကောင်းဆုံးပုံစံကို အခုမှရရှိနေတာပါ၊ ဒီအသင်းက မိသားစုလိုပါပဲ၊ ချန်ပီယံလိဂ်ဖလားကို ကျွန်တော်တို့ရယူချင်ပါတယ်၊ တိုက်ပွဲဝင်သွားမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဘယ်တုန်းကမှ ဒီဖလားကို ရယူနိုင်တဲ့ အခြေအနေမှာမရှိခဲ့လို့ ဒီအချိန်မှာ အကောင်းဆုံးကြိုးစားသွားမှာပါ" လို့ နေမာက အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ လက်ရှိမှာ ကွာတားဖိုင်နယ်ကိုရောက်ရှိနေပြီး သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အကောင်းဆုံးအချိန်အခါဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ ကစားသမားကောင်းအများအပြား ပိုင်ဆိုင်ထားခဲ့တဲ့ ပြင်သစ်ကလပ်ဟာ အကြောင်းကြောင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်အဆင့်တွေနဲ့သာ ကျေနပ်နေခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က