အရေးအကြီးဆုံးကစားသမားလို့ ချီးကျူးပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲကစားပြီး ၃၁ ဂိုးသွင်းယူကာ ၂၆ ကြိမ်ဖန်တီးပေးထားခဲ့တဲ့ မက်ဆီကို ကိုးမန်းက အကောင်းဆုံးကစားသမားလို့လည်း ချီးကျူးခဲ့ပါတယ်။


ဘာစီလိုနာအသင်းနည်းပြရော်နယ်ကိုးမန်းက အသင်းခေါင်းဆောင်မက်ဆီအနေနဲ့ လာမယ့်ရာသီမှာ ခြေစွမ်းပြကစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ အသင်းက ထွက်ခွာဖို့ နီးစပ်ခဲ့ပြီးမှာ ဆက်လက်ကစားမှာဖြစ်ပြီး ကိုးမန်းအတွက်တော့ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲကစားပြီး ၃၁ ဂိုးသွင်းယူကာ ၂၆ ကြိမ်ဖန်တီးပေးထားခဲ့တဲ့ မက်ဆီကို ကိုးမန်းက အကောင်းဆုံးကစားသမားလို့လည်း ချီးကျူးခဲ့ပါတယ်။ ဘာစီလိုနာကတော့ ဖလားလက်မဲ့ဘောလုံးရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အဓိကအရေးကြီးဆုံးကစားသမား မက်ဆီထွက်ခွာမယ့်အရေးနဲ့လည်း ရင်ဆိုင်ခဲ့ရလို့ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ 

နည်းပြဆက်တီယန်နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့ ကိုးမန်းက "သူက အကောင်းဆုံးဆိုတာကို ကျွန်တော်အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ပြီးပါပြီ၊ သူက အရမ်းအရေးကြီးတဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့ ဒါကိုလည်း သူ နှစ်ပေါင်းများစွာ ပြသခဲ့ပြီးပါပြီ၊ လာမယ့်ရာသီမှာလည်း သူ အဲဒီလိုမျိုး ပြသနိုင်ဖို့ကို ကျွန်တော်မျှော်လင့်ထားပါတယ်" လို့ BarcaTV+ ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်လည်ဆင်းနေပြီလည်းဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းတိုက်စစ်ပိုင်းကို အပြောင်းအလဲတွေနဲ့ မြင်တွေ့ရဖို့ရှိနေပြီး ကော်တင်ဟိုနဲ့ ဂရစ်မန်းတို့ ပိုမိုကစားခွင့်ရရှိဖွယ်ရှိနေကာ ဆွာရက်ဇ်ကတော့ အသင်းမှာ ဆက်လက်ရှိနေခဲ့မယ်ဆိုရင်တောင် အရန်ကစားသမားအဖြစ်နဲ့သာ ကစားရနို်င်ချေရှိနေပါတယ်။

လာမယ့်စနေနေ့မှာ ဘာစီလိုနာက ဂျမ်နာစတစ်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး အဲဒီနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဂျီရိုနာနဲ့ ထပ်မံခြေစမ်းပြီး ၂၇ ရက်နေ့မှာတော့ လာလီဂါအဖွင့်ပွဲအဖြစ် ဗီလာရီးရဲလ်နဲ့ ကစားသွားမှာဖြစ်ပါတယ်။ 


Author


က္က