ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ကို ပေါင်သန်း ၆၀ ဝန်းကျင်ပေးချေမှ ခေါ်ယူနိုင်မှာပါ။

လိုင်ယွန်ကွင်းလယ်ကြယ်ပွင့် အန်ဒွန်ဘီလီဟာ ယခုနွေရာသီမှာ လိုင်ယွန်အသင်းကနေ ထွက်ခွာဖို့ ဆံုံးဖြတ်လိုက်ပြီဖြစ်ကြောင်း လိုင်ယွန်အသင်းဥက္ကဌ ဂျင်းမိုက်ကယ်အောလက်စ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် အန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာယူနိုက်တက်အသင်းတို့က အန်ဒွန်ဘီလီရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အပြောင်းအရွှေ့မပြုလုပ်တော့တာဖြစ်ပါတယ်။ စပါးနည်းပြပိုချက်တီနိုက ယခုနွေရာသီမှာ အသင်းရဲ့လူစာရင်းကို အင်အားဖြည့်တင်းဖို့ အသင်းဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုတဲ့ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် စပါးအသင်းဟာ အသက် ၂၂ နှစ်အရွယ် လိုင်ယွန်ကွင်းလယ်ကြယ်ပွင့် အန်ဒွန်ဘီလီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

လိုုင်ယွန်အသင်းက အန်ဒွန်ဘီလီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ သတ်မှတ်ထားပြီး အန်ဒွန်ဘီလီရဲ့နေရာမှာ အစားထိုးဖို့အတွက် ဖလာမင်ဂိုကွင်းလယ်ကြယ်ပွင့် လူးကပ်စ်ကို ခေါ်ယူဖို့ သဘောတူညီမှုတောင် ရရှိခဲ့ပြီးပြီလို့ သိရပါတယ်။

“သူ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ ဘာမှတော့ လုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် တံခါးကတော့ အမြဲတမ်းဖွင့်ထားပါတယ်”လို့ လိုင်ယွန်ဥက္ကဌ ဂျင်းမိုက်ကယ်အောလက်စ်က ပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ဆိုးရွားတဲ့အခိုက်အတံ့တွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ယခုနွေရာသီမှာ အသင်းလူစာရင်းကို ကြီးမားတဲ့အပြောင်းအလဲပြုလုပ်လိုနေတာဖြစ်ပါတယ်။



က္က