loading...

loading...

loading...

တစ်နှစ်သက်တမ်းရှိစာချုပ်ဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကစားသမားဟာ အင်တာမီလန်အတွက် စီးရီးအေငါးပွဲကစားပြီးချိန်မှာ သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။


အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက ခြောက်လစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ယူနိုက်တက်ကစားသမားဟောင်းအက်ရှ်လေယန်းကို တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ စီးရီးအေကလပ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်မှာ ယန်းကို နောက်တစ်နှစ်ထပ်မံခေါ်ယူဖို့ အင်တာမီလန်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကစားသမားဟာ အင်တာမီလန်အတွက် စီးရီးအေငါးပွဲကစားပြီးချိန်မှာ သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းပြသမှုအပေါ်မှာ နည်းပြကွန်တီကလည်း စိတ်ကျေနပ်နေခဲ့ပြီး စာချုပ်ထပ်မံချုပ်ဆိုဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အီတလီသတင်းဌာန Gazzetta dello Sport ကလည်း ယန်းက အီတလီကလပ်မှာ နောက်တစ်နှစ်ဆက်ရှိနေလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ယန်းအနေနဲ့ ဆန်စီရိုမှာ ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လူကာကူ၊ ဆန်းချက်ဇ်တို့နဲ့ ပြန်လည်လက်တွဲနေရသလို ပရီးမီးယားလိဂ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အဲရစ်ဆန်နဲ့လည်း အသင်းဖော်တွေအဖြစ် ရှိနေခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဟာ ဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိဖို့ ခက်ခဲခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အက်ရှ်လေယန်းက ယူနိုက်တက်အတွက် ၉ နှစ်ကြာကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၂၆၁ ပွဲမှာ ၁၉ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့စီနီယာကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 


loading...

က္က