အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါပြီ။
Pyae Phyo Thein

ဆမ်ဒိုရီးယားကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဇလာတန်က ၂ဂိုးသွင်းယူခဲ့ကာ ခြေစွမ်းပြခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၄ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။ 


အေစီမီလန်အသင်းရဲ့ အသက် ၃၈ နှစ်အရွယ်တိုက်စစ်မှူးကြီး ဇလာတန်ကတော့ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကို ထပ်ပြီးတော့ သက်သေပြသွားခဲ့ပြန်ပါပြီ။ ဆမ်ဒိုရီးယားကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဇလာတန်က ၂ဂိုးသွင်းယူခဲ့ကာ ခြေစွမ်းပြခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၄ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။ 

ဒီသွင်းဂိုး ၂ဂိုးရရှိခဲ့ပြီးနောက် ဇလာတန်ဟာ အေစီအတွက် စုစုပေါင်းသွင်းဂိုး ၅ဝအထိရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ အေစီမီလန်ကလည်း ဇန်နဝါရီမှာ ဇလာတန်ရောက်ရှိလာခဲ့ပြီးနောက် ရှုံးပွဲ ၂ပွဲတည်းသာရှိတော့ပြီး စီးရီးအေနောက်ဆုံး ၁၁ပွဲဆက်တိုက် ရှုံးပွဲမရှိခြေစွမ်းပြနေကာ ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

နာမည်ကျော်ကလပ်အသင်းအများအပြားမှာ ကစားခဲ့ဖူးတဲ့ ဇလာတန်ဟာ အေစီမီလန်အတွက် ရာသီဝက်ကာလမှာ စီးရီးအေ ၁၇ ပွဲကစားပေးထားခဲ့ပြီး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့အသက်အရွယ်အရ ဒီလောက်ထိ ဂိုးတွေသွင်းယူနိုင်တာက ချီးကျူးအသိအမှတ်ပြုစရာအဖြစ်ရှိနေခဲ့ပြီး ကလပ်အသင်းကလည်း ကစားသမားကို စာချုပ်ထပ်ချုပ်ဖို့ ကြိုးစားနေပါတယ်။

ဇလာတန်ကတော့ သူ့ရဲ့အေစီမီလန်ကစားသမားဘဝ အနာဂတ်က မသေချာဘူးလို့ ပြောဆိုထားပေမယ့် အေစီကတော့ အသင်းမှာ ဆက်လက်ရှိနေဖို့ မျှော်လင့်နေပါတယ်။ အသင်းကို စိတ်ပိုင်းဆိုင်ရာအရရော၊ ခေါင်းဆောင်မှုအပိုင်းမှာပါ ဇလာတန်က ကူညီပေးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဘောလုံးကစားဖို့အတွက် စိတ်အားထက်သန်နေသလို ကွင်းအတွင်းမှာလည်းခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ 


Author


က္က