ရာသီကြို ခြေစမ်းပွဲမတိုင်မီ စစ်ဆေးခဲ့တာပါ။
Kyaw Ko Ko Sint

နည်းပြ ဒီယေဂို ဆိုင်မွန်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကလပ်အသင်းက အတည်ပြု သတင်းထုတ်ပြန် လာပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ရာသီကြို ခြေစမ်းပွဲစဥ်တွေအတွက် တစ်သင်းလုံးကို ဆေးစစ်ရာမှာ ဆိုင်မွန်က ကိုဗစ် ပိုး ရှိနေခဲ့တာပါ။



ဆိုင်မွန်အနေနဲ့ လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိသလို ကိုဗစ် သတ်မှတ်ချက်အရ တစ်ဦးတည်း သီးသန့် နေထိုင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ကာဒစ်ကို ခြေစမ်းပွဲကစာဖို့ ရောက်ရှိနေပြီး လာမယ့် စက်တင်ဘာ ၂၇မှာတော့ ဂရန်နာဒါ အသင်းနဲ့ လာလီဂါ အဖွင့်ပွဲ စတင်ကစားရပါမယ်။

နည်းပြ ဆိုင်မွန်ရဲ့ အက်သလက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းခဲ့တာကြောင့် အသင်းကို နားရက် ပိုရစေဖို့ ယူအီးအက်ဖ်အေက စီစဥ်ပေးထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က