loading...

loading...

loading...

အက်သလက်တီကိုအသင်းအနေနဲ့ ဗလင်စီယာအသင်းကို မဖြစ်မနေအနိုင်ရဖို့လိုနေပါတယ်။
Kyaw Ko Ko Sint

အက်သလက်တီကိုအသင်းကို ဘာစီလိုနာအသင်းက ၁၂ မှတ်ဖြတ်ထားပြီး လက်ကျန် ၄ ပွဲအလိုသာ ရှိတော့လို့ ဒီည ဗလင်စီယာနဲ့ပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်း ရှုံးနိမ့်ခဲ့ရင် ဘာစီလိုနာအသင်းက အလိုလို ချန်ပီယံ ဖြစ်သွားမှာပါ။

ဒီည ၁၂ နာရီမှာ အက်သလက်တီကိုအသင်းအနေနဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါ ပွဲစဉ် ၃၄ ကို ယှဉ်ပြိုင်က စားရမှာ ဖြစ်ပြီး အရေးနိမ့်ခဲ့ပါက ထိပ်ဆုံးက ဘာစီလိုနာအသင်းက ၄ ပွဲအလိုမှာ ချန်ပီယံ ဖြစ်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။ လာလီဂါ ပြိုင်ပွဲကျင်းပရေးကော်မတီက ပြိုင်ပွဲရဲ့ အဆင့်ရပ်တည်မှုကို ဂိုးကွာခြားချက်နဲ့ သတ်မှတ်တာ မဟုတ်ပဲ ထိပ်တိုက်တွေ့ဆုံမှုနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီနှစ် ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်မယ်ဆိုရင် ဘာစီလိုနာအသင်းက တစ်ပွဲနိုင် တစ်ပွဲသရေကျထားလို့ ထိပ်တိုက်တွေ့ဆုံမှုအရ ဘာစီလိုနာအသင်းက အသာရထားပါတယ်။ ဒါကြောင့် လက်ရှိမှာလည်း ဘာစီလိုနာအသင်းက ဒီမနက်ပိုင်းကပင် အလာဗက်စ်ကို ၂-ဝနဲ့နိုင်ပြီး ၃၄ ပွဲမှာ ရမှတ် ၈၀ အထိရရှိထားပြီ ဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းက ၆၈ မှတ်သာရှိထားပြီး ဒီညမှာသာ ဗလင်စီယာအသင်းကို ရှုံးနိမ့်ခဲ့ရင် လက်ကျန် ၄ ပွဲမှာ ၄ ပွဲစလုံးနိုင်လို့ ၁၂ မှတ်ထပ်ပေါင်းရင်တောင် ဘာစီလိုနာအသင်းရဲ့ လက်ရှိ ရမှတ် ၈၀ နဲ့ တူညီနေမယ့် အနေအထားမှာသာ ရှိတော့မှာပါ။

ဒါကြောင့် ထိပ်တိုက်တွေ့ဆုံမှုနဲ့ဆုံးဖြတ်တဲ့ ဒီပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ရမှတ်တူပေမယ့်လည်း ထိပ်တိုက် တွေ့ဆုံမှု အသာစီးအရ ချန်ပီယံ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ဗလင်စီယာအသင်းကို သရေကျခဲ့မယ်ဆိုရင်တော့ ရမှတ် တစ်မှတ်သာရမှာ ဖြစ်ပြီး ၆၉ မှတ်သာရှိနေမှာပါ။

ဒီလိုဆိုရင်တော့ လာမယ့် ပွဲစဉ် ၃၅ မှာ ဘာစီလိုနာအသင်းက ထပ်မံ အနိုင်ကစားဖို့လိုအပ်နေပြီး အနိုင်ရတာနဲ့ ချန်ပီယံ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ပွဲစဉ် ၃၅ မှာ လီဗန်တေးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး ဒီပွဲစဉ်ပြီး တာနဲ့ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပ-ကျော့ ပွဲစဉ်အဖြစ် ဆက်လက်ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ


loading...

က္က