Sky Italia သတင်းဌာနကိုပြောသွားတာပါ။

မနှစ်ကတည်းက အက်သလက်တီကို ပရိသတ်တွေနဲ့ ရန်ငြိုးတွေရှိခဲ့တာ ဖြစ်ပြီး ဒီနှစ် အုပ်စုအဖွင့်ပွဲမှာလည်း ထပ်မံပြီး ကတောက်ကဆ ဖြစ်ထားခဲ့တာပါ။

ဗီရိုနာကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက သူ့ကို ဝေဖန်နေကြတဲ့ အက်သလက်တီကို ပရိသတ်တွေကို ဉာဏ်နည်းသူတွေဖြစ်ပြီး စကားများလွန်းတယ်လို့ ပြန်လည်ဝေဖန် တိုက်ခိုက်လိုက်တယ်လို့ Sportskeeda သတင်းဌာနကဖော်ပြလာပါတယ်။



ဂျူဗင်တပ်အသင်းအနေနဲ့ ဗီရိုနာအသင်းကို ၁-၀ နဲ့ ဦးဆောင်ခွင့်ပေးပြီးမှ ရမ်ဆေးရဲ့ ချေပဂိုး ရော်နယ်ဒိုရဲ့ ပင်နယ်တီဂိုးတွေနဲ့ ပြန်လည်အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တုန်းကလည်း ရော်နယ်ဒိုက အက်သလက်တီကို ပရိသတ်တွေကို စကားများလွန်းတယ်လို့ ယူဆလို့ ရတယ် လက်အမူအရာကိုလုပ်ပြခဲ့ပါသေးတယ်။

“ သင်ယူလေ့လာဖို့ လိုုပါသေးတယ်၊ လူတွေက စကားများရတာ ကြိုက်ကြတယ်၊ လူတွေက ဉာဏ်နည်းပြီးစ ကားများလွန်းပါတယ်၊ ဒါပါပဲ။” လို့ sky Italia သတင်းဌာနကို ပြောသွားခဲ့တာပါ။

ဆက်လက်ပြီး အသင်းနိုင်ဖို့ကသာ အရေးအကြီးဆုံး ဖြစ်ပြီး ချန်ပီယံလိဂ် အဝေးကွင်းကစားထားရပြီး လိဂ်ပွဲ ပြန်ကစားရတာ အနည်းနဲ့အများ ပင်ပန်းမှုရှိနေနိုင်ကြောင်းလည်း ရော်နယ်ဒိုက ဆက်လက်ပြောခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ အက်သလက်တီကို ပရိသတ်တွေနဲ့ မနှစ်ကတည်းက ရန်ငြိုးတွေ ရှိနေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး မနှစ်က ၁၆ သင်းအဆင့် ပ-ကျော့မှာ ၂-၀ နဲ့ ရှုံးနိမ့်ချိန် အက်သလက် နည်းပြ ဆိုင်မွန်ရဲ့ အောင်ပွဲခံဟန် ကို မှတ်ထားပြီး အိမ်ကွင်း ဒု-ကျော့မှာ ၃-၀ နဲ့ ပြန်နိုင်ချိန်မှာတော့ အက်သလက်ပရိသတ်တွေဖက် လှည့်ပြီးသူတို့ နည်းပြရဲ့ အောင်ပွဲခံဟန်အတိုင်း ပြန်လည်အောင်ပွဲခံပြခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က