အသင်းက ကစားသမား၂ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့လို့ပါ။

လိုက်ပ်ဇက်နဲ့ကြာသပတေးမှာ ကစားရမှာ ဖြစ်ပြီး ယူအီးအက်ဖ်အေရဲ့ စည်းမျဥ်းအရ ၁၃ဦးရှိရင် ကစားလို့ ရမှာဖြစ်ပေမယ့် ပေါ်တူဂီအစိုးရဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်လို့ သိရပါတယ်။

ပေါတူဂီနိုင်ငံ လစ္စဘွန်းမှာ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဥ်အတွက် စပိန်ကနေ ပေါ်တူဂီကို ထွက် လာဖို့ ကိုဗစ် စစ်ဆေးခဲ့ရာမှာ ကစားသမားနှစ်ဦး ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့ပါ တယ်။



အက်သလက်အသင်းအနေနဲ့ လာမယ့် ကြာသပတေးနေ့မှာ လိုက်ပ်ဇက်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အခုလို ကစားသမားနှစ်ဦး ရောဂါပိုးတွေ့ရှိတဲ့အတွက် အဆိုပါ ကစားသမားတွေအနေနဲ့ ပေါ်တူဂီသို့ မလိုက်သွားပဲ နေခဲ့မှာလား(သို့)ပြိုင်ပွဲတစ်ခုလုံးမှာ ပါဝင်နေအုံးမှာလားဆိုတာ မဆုံးဖြတ်ရသေးဘူလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ကစားသမားတွေဟာပုံမှန်အခြေအနေမှာ ရှိနေကြပြီး ၎င်းတို့ရဲ့ နေအိမ်အသီးသီးမှာ ကွာရန်တင်း ဝင်နေကြပြီလို့လည်း Goal.comရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ဆေးဆောင်ရွက်မှုများ မရှင်းလင်းမချင်း အက်သလက်တီကိုအသင်းကို အကန့်အသတ်နဲ့ နေစေမယ်လို့သိရပြီး လိုက်ပ်ဇက်နဲ့ပွဲကစားဖို့လည်း ယူအီးအက်ဖ်အေက အကြံပြုသွားမယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အေရဲ့ ဆေးဖက်ဆိုင်ရာ လမ်းစဥ်များအရ အနည်းဆုံး ကစားသမား ၁၃ယောက်ရှိရင် ပြိုင်ပွဲကျင်းပနိုင် မယ်လို့သိရပေမယ့်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ပေါ်တူဂီအစိုးရကသာချမှတ်ပေးနိုင်လိမ့်မယ်လို့ လည်း သိရပါတယ်။

စပိန်နိုင်ငံကတော့ ဥရောပမှာ ကိုဗစ် ရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး လူပေါင်း ၃သိန်း ၆သောင်းကျော် ကူးစက်ခံထားရကာ လူပေါင်း ၂၈၅၀၀နှင့်အထက် သေဆုံးမှုရှိပါတယ်။

Share

Loading Next Article...
က္က