လာလီဂါပွဲအားလုံးကို အနိုင်ကစားထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

ရာသီကြိုပွဲမှာ မြို့ခံပြိုင်ဘက်ရီးရဲလ်ကို ၇-၃ နဲ့ပါ အနိုင်ယူနိုင်ခဲ့ပြီး အက်သလက်တီကိုက ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ မကွာဟတဲ့အနေအထားကို ရောက်နေပြီလို့ ကစားသမားဟောင်းဒီယေဂိုဖော်လန်က ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်နဲ့ အက်သလက်တီကိုကစားသမားဟောင်းက ဆီမြွန်နီရဲ့ အသင်းအပေါ် အထင်ကြီးလေးစားမှုရှိနေပြီး အမှတ်ပေးဖလားအတွက်ပါ အသင့်ဖြစ်နေတဲ့အသင်းလို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

နွေရာသီကာလမှာ အက်သလက်တီကိုအသင်းအနေနဲ့ ဂိုဒင်၊ဟွမ်ဖရန်၊ ဂရစ်မန်းတို့လို အဓိကကစားသမားတွေ ဆုံးရှုံးခဲ့ရပေမယ့် ဂျာအိုဖီးလစ်၊ ဖာနန်ဒိုတို့လို ပေါ်တူဂီလိဂ်က ကစားသမားတွေအပါအဝင် ကစားသမားအများအပြားကို ပြန်လည်ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ရာသီကြိုပွဲမှာ မြို့ခံပြိုင်ဘက်ရီးရဲလ်ကို ၇-၃ နဲ့ပါ အနိုင်ယူနိုင်ခဲ့ပြီး အက်သလက်တီကိုက ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။

ရာသီသစ်မှာလည်း လာလီဂါပွဲအားလုံးကို အနိုင်ကစားထားပြီး အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၄ မှတ်၊ ဘာစီလိုနာကို ၅ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီး ချန်ပီယံဆုဖလားအတွက် အကောင်းဆုံးအနေအထားမှာ ရှိနေပြီလို့ ပြိုင်ဘက်အသင်းတွေကို သတိပေးထားနိုင်ခဲ့ပြီး ဒီအပေါ်မှာ ဖော်လန်က အခုလိုပဲပြောသွားခဲ့ပါတယ်။



"အက်သလက်တီကိုက ဘာလဲဆိုတာ ကျွန်တော်တို့တွေ့နေရပါပြီ၊ ရီးရဲလ်နဲ့ ဘာစီလိုနာတို့က ကစားသမားကောင်းတွေအများကြီး ရှိသလို အက်သလက်တီကိုမှာလည်း ရှိပါတယ်၊ အရည်အသွေးရှိတဲ့ ကစားသမားတွေကို အက်သလက်တီကိုက ပိုင်ဆိုင်ထားပြီး ဒီယေဂိုကော်စတာကလည်း အတွေ့အကြုံရင့်ကျက်ပြီး စွမ်းရည်ကောင်းမွန်သူပါ"

"လူငယ်ကစားသမားတွေပိုင်ဆိုင်မှုနဲ့အတူ အက်သလက်က အသင်းသစ်တစ်သင်းလိုဖြစ်နေပါတယ်၊ ရာသီကြိုမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး လိဂ်မှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲစောင့်ကြည့်ရမှာပါ၊ ဒါပေမယ့် ကြည့်ရတာတော့ တော်တော်လေးကောင်းတဲ့အသင်းဖြစ်နေပြီး ဘာစီလိုနာ၊ ရီးရဲလ်တို့နဲ့ ကွာဟမှုနည်းပါးသွားပါပြီ၊ အမှတ်ပေးဖလားအတွက် သူတို့အသင့်ဖြစ်နေပါပြီ" လို့ ဖော်လန်က ပြောသွားခဲ့ပါတယ်။



က္က