မနေ့့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ကစားသမားနှစ်ဦးကတော့ နေအိမ်မှာ သီးသန့်နေထိုင်နေကြပြီလို့ သိရပြီး ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ဘောလုံးအဖွဲ့ချုပ်တွေကို သတင်းပေးပိို့ထားကြောင်း အက်သလက်က တရားဝင်စာထုတ်ပြန်ခဲ့ပါတယ်။ 


ကြာသပတေးနေ့မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် လိုက်ဇစ်နဲ့ကစားရမယ့် အက်သလက်တီကိုမက်ဒရစ်အသငး်ဟာ အသင်းရဲ့ကစားသမား ၂ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ပေါ်တူဂီကိုထွက်ခွာဖို့အတွက် ဆေးစစ်မှုပြုလုပ်ခဲ့ရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

စပိန်ကလပ်ဟာ ဒီနေ့မှာ ပေါ်တူဂီကို ထွက်ခွာဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအခါ ကစားသမားနှစ်ဦးကူးစက်ခံရမှုကြောင့် အပြောင်းအလဲတချို့ရှိလာဖွယ်ရှိနေပါတယ်။ ကစားသမားနှစ်ဦးကတော့ နေအိမ်မှာ သီးသန့်နေထိုင်နေကြပြီလို့ သိရပြီး ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ဘောလုံးအဖွဲ့ချုပ်တွေကို သတင်းပေးပိို့ထားကြောင်း အက်သလက်က တရားဝင်စာထုတ်ပြန်ခဲ့ပါတယ်။ 

ကျန်ကစားသမားတွေ နဲ့ ဝန်ထမ်းတွေကိုလည်း နေအိမ်မှာ သီးသန့်စီ နေထိုင်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ "လစ္စဘွန်းကို ထွက်ခွာဖို့အတွက် အသင်းကြီးမှာပါဝင်သူအားလုံးကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်၊ ရလဒ်တွေကို ဒီနေ့မှာသိခဲ့ရပြီး ကစားသမားနှစ်ဦး ကူးစက်ခံထားရကြောင်းတွေ့ရလို့ နေအိမ်မှာ သီးသန့်ခွဲခြားနေထိုင်နေစေပါတယ်၊ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်အားလုံးကိုလည်း အကြောင်းကြားထားပါတယ်" လို့ အက်သလက်က ရေးသားပြောဆိုခဲ့ပါတယ်။

"လိုအပ်ရင် အသင်းတစ်သင်းလုံးကို ထပ်မံပြီးတော့ စစ်ဆေးသွားဖို့ ဆောင်ရွက်သွားမှာပါ၊ အသင်းလေ့ကျင့်ခန်းအစီအစဉ်တွေလည်း ပြောင်းလဲတော့မှာဖြစ်ပြီးတော့ ဒီဖြစ်ပွားခဲ့မှုအပေါ်မှာလည်း အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပြီး လေးစားလိုက်နာသွားမှာပါ" လို့ လည်း ရေးသားထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။ 

အက်သလက်တီကိုအနေနဲ့ ဇူလိုင် ၁၉ ရက်နေ့ကစပြီး ပွဲစဉ်တွေကစားထားခြင်းမရှိတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းကမှ လေ့ကျင့်မှုတွေကို ပြန်လည်စတင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိအနေအထားအရ ဘယ်လိုတွေဆက်လက်ဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က