ချန်ပီယံလိဂ်ပွဲအဖြစ် အက်သလက်တီကိုနဲ့ ကစားရမှာပါ။
Pyae Phyo Thein

ရော်နယ်ဒိုက အဆိုပါပွဲကို လာရောက်အားပေးကြဖို့လည်း ပရိသတ်တွေကို တိုက်တွန်းအားပေးပြီး ဖိတ်ခေါ်သွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုက အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ ဂျူဗီအနေနဲ့ အိမ်ကွင်းမှာ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်နေကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုက အဆိုပါပွဲကို လာရောက်အားပေးကြဖို့လည်း ပရိသတ်တွေကို တိုက်တွန်းအားပေးပြီး ဖိတ်ခေါ်သွားခဲ့ပါတယ်။



ပထအအကျော့မှာ (၂-ဝ) နဲ့ အရေးနိမ့်ခဲ့လို့ ဂျူဗင်တပ်စ်ဟာ အိမ်ကွင်းမှာ အနည်းဆုံး (၃)ဂိုးပြတ်အနိုင်ရရှိဖို့တော့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးက စွမ်းဆောင်နိုင်လိမ့်မယ်လို့ အပြည့်အယုံကြည်နေပြီး အသင်းအနေနဲ့ အရှုံးရလဒ်ကနေ ပြန်လာလာနိုင်မှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

"အင်္ဂါနေ့ညအတွက် ပွဲကို အကောင်းမြင်စိတ်နဲ့ တွေးတော့ကြည့်ကြပါ၊ ယုံကြည်မှုရှိကြပါ၊ အက်သလက်တီကိုကို အနိုင်ယူပြီး ကျွန်တော်တို့ ပြန်လာဖို့က ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ကွင်းအတွင်းလာရောက်အားပေးပြီးတော့ ကူညီမှုကိုတော့ လိုအပ်ပါတယ်၊ အရာအားလုံးကို လှပသွားအောင် အတူတူဖန်တီးကြပါမယ်၊ လူတိုင်းနဲ့အတူတူပါ"

"ခင်ဗျားတို့ရဲ့ အားပေးကူညီမှုကို လိုအပ်တာက ဘာလို့လဲဆိုရင် ကျွန်တော်တို့က ကွင်းအတွင်းမှာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး ဂိုးရဖို့လည်း အားထုတ်ပြီး အနိုင်ရရှိအောင် စွမ်းဆောင်ပေးရမှာပါ၊ ဒီအတွက် ခင်ဗျားတို့ရဲ့ ထောက်ခံအားပေးမှု လိုအပ်နေတာပါ၊ ကျေးဇူးအများကြီးတင်ပါတယ်" လို့ ရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုးသာ ရရှိထားသေးပြီး စုစုပေါင်း အသင်းအတွက် (၆)ပွဲကစားပေးထားခဲ့တာပါ။ ချန်ပီယံလိဂ်မှာ ဂိုးမိုးခေါင်နေပေမယ့် ရော်နယ်ဒိုက ဒီပွဲအပေါ် အပြည့်အဝယုံကြည်ချက်ထားနေပြီး ကွာတားဖိုင်နယ်ကို အရောက်လှမ်းနိုင်ဖို့အတွက် ယုံကြည်မှုမြင့်မားနေတာလည်း ဖြစ်ပါတယ်။


Author


က္က