အဝေးကွင်းစတင်ကစားရပါမယ်။

ဂျူဗင်တပ်အသင်းကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ မနှစ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ပြီး ဂျူဗင်တပ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ခဲ့တာပါ။

ဂျူဗင်တပ်အသင်းကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ ကစားရမှာဖြစ်ပြီး အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဒေါက်ကလပ်ကော်စတာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။



Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ ကော်စတာအနေနဲ့ ပေါင်ခြံ ဒဏ်ရာရနေတာကြောင့် အနည်းဆုံး ၂ ပတ်ခန့် အနားယူရမယ်လို့ သိရပါတယ်။



ကော်စတာ မပါဝင်ပေမယ့် အခြားကစားသမားတစ်ဦးဖြစ်တဲ့ ဘော့စနီးယား ကစားသမား ပီဂျာနစ်ကတော့ ကြွက်သားဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် အက်သလက်တီကို အသင်းနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။

ကော်စတာ မပါဝင်လို့ ကွင်းလယ်တိုက်စစ်ပိုင်း အနည်းငယ် အားလျော့ဖွယ်ရှိနေပေမယ့် ဂျူဗင်တပ်အသင်းမျ အခြားသော အဓိက ကစားသမားအများစုကတော့ ကြံ့ခိုင်မှု ကောင်းမွန်နေပါတယ်။

ကော်စတာအနေနဲ့ကတော့ လာမယ့် ဗီရိုနာနဲ့ ကစားမယ့် စီးရီးအေပွဲကိုလည်း ထပ်မံ လွဲချော်ဖွယ်ရှိနေပြီး ချန်ပီယံလိဂ် ပွဲဆိုရင်တော့ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ ကစားရမယ့် လေဗာကူဆင်နဲ့ပွဲကျမှသာ စတင် ပါဝင်နိုင်ဖွယ်ရှိနေတယ်လို့သိရပါတယ်။

ဂျူဗင်တပ်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ကတော့ရေစက်ပါတယ်လို့ ဆိုရမှာ ဖြစ်ပြီး မနှစ်က ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီး ဂျူဗင်တပ်က နောက်တစ်ဆင့် တက်ခဲ့တာပါ။

Share

Loading Next Article...
က္က