အက်သလက်တီကိုနဲ့ပွဲစဉ်က ဇူလိုင်လအတွင်း ဖြစ်လာဖို့များပါတယ်။
Win Kyaw Min

လာလီဂါပွဲစဉ် ၃၃အဖြစ် ယှဉ်ပြိုင်ကြမယ့် ဘာစီလိုနာ - အက်သလက်တီကိုပွဲစဉ်အတွက် အဓိကရည်ရွယ်ပြီး စီ စဉ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေအနေနဲ့ အက်သလက်တီကိုအသင်းကို ရင်ဆိုင်ရမယ့် ပွဲစဉ်အတွင်း ပရိသတ် အတွက် အဓိကရည်ရွယ်ထားတဲ့ အစီအစဉ်အချို့ပြုလုပ်ဖို့စီစဉ်နေပြီး အသင်းရဲ့ပုံရိပ်ကို ဖော်ကျူးမယ့်အစီအစဉ် ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း AS.COM ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိစပိန်လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ အဆင့်-၂နေရာက ရီးရဲလ် အသင်းနဲ့အကြား ရမှတ် ၂မှတ်သာကွာဟတဲ့အခြေအနေကြောင့် လက်ကျန်ပွဲစဉ်အားလုံးက ချန်ပီယံဆုအတွက် အရေးပါဆုံးဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ဘာစီလိုနာအသင်းအနေနဲ့ ပရိသတ် ၁၅,၀၀၀ ပါဝင်မယ့် အစီအစဉ်တစ်ခုကိုအကောင် အထည်ဖော်ဖို့ရှိနေတာဖြစ်ပြီး အသင်းဂျာစီတွေကိုအသုံးပြုပြီး ပြိုင်ဘက်အသင်းအတွက်ဖိအားဖြစ်စေမယ့် ပုံရိပ် တစ်ခုဖန်တီးလုပ်ဆောင်ဖို့ရှိနေခဲ့တာပါ။

အသင်းရဲ့တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသူ၊ အသင်းမန်ဘာဝင်တွေအနေနဲ့ ၆၅ယူရိုတန်ဂျာစီကိုဝယ် ယူပြီး အသင်းရဲ့ပုံဖော်မှုအတွင်း ပါဝင်နိုင်မှာဖြစ်သလို အသင်းဘက်ကလည်း ဂျာစီရောင်းချငွေများအားလုံးကို ဘာစီလိုနာဖောင်ဒေးရှင်၊ ကမ္ဘာ့ကြက်ခြေနီအသင်းတို့ကို လှူဒါန်းသွားဖို့စီစဉ်နေခဲ့တာလည်းဖြစ်ပါတယ်။

ပုံဖော်မယ့်အခြေအနေကို တိတိကျကျမသိရှိရသေးသော်လည်း အရင်ကပြုလုပ်ခဲ့ဖူးတဲ့ အသင်းဂျာစီပုံစံကြီးကို ဂျာစီ အကျီများစွာနဲ့ ပုံဖော်လုပ်ဆောင်နိုင်ခြေရှိတယ်လို့ သုံးသပ်မှုများရှိနေခဲ့ပြီး ပရိသတ်အများစုကလည်း ပါဝင် လုပ်ဆောင်ဖို့အတွက် စိတ်အားထက်သန်မှုတွေရှိနေတယ်လို့လည်း today-news ကဖော်ပြထားပြန်ပါတယ်။


Author

  • Win Kyaw Min

က္က