ရီးရဲလ်မှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲရရှိနေသူဖြစ်ပါတယ်။
Pyae Phyo Thein

အရန်ခုံမှာထိုင်နေခဲ့တဲ့ ဘေးလ်က Sleep Mask လုပ်ပြီးနောက် ပြန်ချွတ်ခဲ့ပြီး သူ့ရဲ့လုပ်ရပ်အတွက် ကိုယ်တိုင်သဘောကျကာ အားပါးတရရယ်မောနေခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်က အလာဗက်စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရီးရဲလ်ကစားသမားဘေးလ်ဟာ အရန်ခုံမှာထိုင်နေရတဲ့ သူ့ရဲ့အဖြစ်အတွက် နောက်ပြောင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ရီးရဲလ်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီးတော့ အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေတဲ့ ဘေးလ်က နှာခေါင်းစည်းကို မျက်နှာအထက်ပိုင်းမှာတပ်ဆင်ခဲ့ပြီး Sleep Mask အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

အရန်ခုံမှာထိုင်နေခဲ့တဲ့ ဘေးလ်က Sleep Mask လုပ်ပြီးနောက် ပြန်ချွတ်ခဲ့ပြီး သူ့ရဲ့လုပ်ရပ်အတွက် ကိုယ်တိုင်သဘောကျကာ အားပါးတရရယ်မောနေခဲ့ပါတယ်။ ရီးရဲလ်မှာ တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲအထိရရှိနေခဲ့တဲ့ ဘေးလ်ဟာ အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေသူလည်းဖြစ်ပါတယ်။

နှာခေါင်းစည်းကို မျက်စိဖုံးသွားအောင်ပြုလုပ်ခဲ့ပြီး ဘေးလ်က နောက်ကိုမှီကာ အိပ်နေဟန်ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ပြန်ထခဲ့ပြီး နှာခေါင်းစည်းကို ချွတ်ခဲ့ပြီး အသင်းဖော်တွေဘက်လှည့်ကာ ရယ်မောနေခဲ့တာလည်းဖြစ်ပါတယ်။ ဘေးလ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံပွဲ ၂၀ သာ ကစားပေးထားရပြီး ၃ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ 

ပရိသတ်တချို့ကတော့ စပိန်နွေရာသီကာလမှာ ဘောလုံးကစားနေရမှု၊ တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲရရှိနေကာ အပတ်တိုင်းမှာ အသင်းကိုပြန်လည်ပြီး Troll နေပြီး ဂေါ့ဖ်ကစားနေရတာကြောင့် ဘေးလ်ဟာ ဘဝကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေရတယ်လို့ တောင်မှ ပြောဆိုနေကြတဲ့အထိ ဖြစ်နေခဲ့ပါတယ်။ 



Author


က္က