ရီးရဲလ်က ပိတ်ပင်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း ပြစ်တင်သွားခဲ့ပါတယ်။
Pyae Phyo Thein

သူ့ရဲ့အပြောင်းအရွှေ့ကို ရီးရဲလ်မက်ဒရစ်က ပိတ်ပင်တားဆီးနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ကာ အသင်းကနေထွက်ခွာခွင့်ပြုဖို့ မျှော်လင့်နေတယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပရီးမီးယားလိဂ်ကို ပြန်လည်လာရောက်ကစားဖို့အတွက် စဉ်းစားနေတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့အပြောင်းအရွှေ့ကို ရီးရဲလ်မက်ဒရစ်က ပိတ်ပင်တားဆီးနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ကာ အသင်းကနေထွက်ခွာခွင့်ပြုဖို့ မျှော်လင့်နေတယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ 

ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၂ဝပွဲသာကစားပေးခဲ့ရသူဖြစ်ပါတယ်။ အသင်းလူစာရင်းမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်နေခဲ့ရသူဖြစ်ကာ ဇီဒန်းရဲ့ လျစ်လျူရှုမှုကိုခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်စူပါလိဂ်ကိုသွားကစားဖို့ စီစဉ်ခဲေ့ပမယ့်လည်း အပြောင်းအရွှေ့နောက်ဆုံးအချိန်ကျမှ ရီးရဲလ်မက်ဒရစ်က ငြင်းဆန်ခဲ့လို့ ဘာနေဗျူးမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ 

"အသင်းပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုးစားခဲ့တာပါ၊ ဒါပေမယ့် နောက်ဆုံးစက္ကန့်ကျမှ သူတို့က အရာအားလုံးကို ပိတ်ပင်တားဆီးခဲ့ပါတယ်၊ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေဖြစ်ခဲ့ပေမယ့်လည်း အမှန်တကယ်ဖြစ်ပေါ်မလာခဲ့ပါဘူး၊ အခြားအသင်းတွေကို ကျွန်တော်သွားဖို့ ကြိုးစားခဲ့ပေမယ့် အသင်းကခွင့်ပြုမှာမဟုတ်ပါဘူး"

"ကျွန်တော်ဘောလုံးကစားချင်တယ်၊ ကစားဖို့လည်း စိတ်အားထက်သန်နေဆဲပါ၊ သူတို့ကအရာအားလုံးကို ထိန်းချုပ်ထားတာပါ၊ ကျွန်တော်နဲ့ အသင်းကြားမှာ စာချုုပ်ရှိနေပြီး ကျွန်တော်လုပ်နိုင်သမျှအားလုံးကိုတော့ လုပ်သွားမှာပါ၊ ပရီးမီးယားလိဂ်ကလပ်တွေက ကျွန်တော့်ကိုစိတ်ဝင်စားတယ်ဆိုရင် ပြောင်းရွှေ့နိုင်ဖို့အတွက် ကျွန်တော်သေချာပေါက်ကြိုးစားသွားမှာပါ၊ ဘာတွေဖြစ်လာမလဲကြည့်ရမှာဆိုပေမယ့် အရာအားလုံးက အသင်းလက်ထဲမှာရှိနေလို့ ခက်ခဲနေပါတယ်" လို့ Sky Sports ကို ဘေးလ်က ပြောဆိုခဲ့ပါတယ်။ 

ဘေးလ်အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ အသင်းအရန်ခုံပေါ်ကနေ ပြုမူခဲ့တဲ့အပြုအမူတွေအတွက် ဝေဖန်ပြစ်တင်ခံခဲ့ရပါတယ်။ ဝေးလ်လက်ရွေးစင်အသင်းနဲ့အတူရှိနေမှုအပေါ်မှာလည်း ဘေးလ်က "ဘာပဲဖြစ်ဖြစ် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ကိုယ့်အပေါ်တန်ဖိုးထားလေးစားတဲ့နေရာကို ပြန်လာရတဲ့အတွက် ဝမ်းသာမိပါတယ်"လို့လည်း ဘေးလ်က ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က