ဆွာရက်ဇ်ရဲ့ ပင်နယ်တီလွဲချော်ခဲ့လို့ ဥရုဂွေးအရေးနိမ့်ခဲ့ရပါတယ်။

 နေမာက သူ့ရဲ့ အင်စတာဂရမ်က တဆင့် ဆွာရက်ဇ်ကို အားပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရှုံးပွဲအတွက် နှစ်သိမ့်ပေးခဲ့ပါတယ်။


ပီရူးနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဥရုဂွေးအတွက် အဆုံးအဖြတ်ပင်နယ်တီအဖွင့်ဂိုးကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူးဆွာရက်ဇ်ကို ဘာစီလိုနာအသင်းဖော်ဟောင်း နဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာက အားပေးစကားပြောကြားသွားခဲ့ပါတယ်။ နေမာက သူ့ရဲ့ အင်စတာဂရမ်က တဆင့် ဆွာရက်ဇ်ကို အားပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရှုံးပွဲအတွက် နှစ်သိမ့်ပေးခဲ့ပါတယ်။



ပီရူးက ဥရုဂွေးကို ပင်နယ်တီအဆုံးအဖြတ် (၅-၄) ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးဟာ အုပ်စုအဆင့်မှာ ဥရုဂွေးအတွက် ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး (၂)ဂိုး သွင်းယူပေးခဲ့သူဖြစ်ပေမယ့် ဆီမီးဖိုင်နယ်အတွက် အရေးကြီးတဲ့ အချိန်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီး အသင်းရှုံးပွဲအတွက် အဓိကတာဝန်ရှိသူ ဖြစ်လာခဲ့ပါတယ်။

"ပြန်ရုန်းထွက်ပါ၊ မင်းက ကစားသမားကောင်းတစ်ယောက်ပါ ညီအစ်ကို၊ မင်းကို ငါချစ်တယ် သူငယ်ချင်း" လို့ နေမာက သူ့ရဲ့ အင်စတာဂရမ်မှာ ဆွာရက်ဇ်ငိုကြေးနေတဲ့ ဗီဒီယိုဖိုင်ကို တင်ထားခဲ့ပြီး ရေးသားပြောဆိုအားပေးသွားခဲ့ပါတယ်။ နေမာဟာ ဘာစီလိုနာမှာ ဆွာရက်ဇ်နဲ့ (၄)နှစ်ကြာ တွဲဖက်ကစားခဲ့ပြီး ကောင်းမွန်တဲ့ တိုက်စစ်အတွဲအဖက်ဖြစ်ခဲ့ပါတယ်။

မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ပြီး MSN တိုက်စစ်က ကမ္ဘာကျော်တိုက်စစ်အတွဲအဖက်ဖြစ်ခဲ့ပြီး နူးကမ့်ကလပ်ကို အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း နေမာက ပီအက်စ်ဂျီကနေ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ပီအက်စ်ဂျီကလည်း သူတို့ရဲ့ ကစားသမားကို ပြန်လည်ရောင်းချသွားဖို့ ဆုံးဖြတ်ထားကာ ဘာစီလိုနာက နေမာကို ကမ်းလှမ်းဖို့ စဉ်းစားနေဆဲလို့ သိရပါတယ်။

ဂိုဒင်၊ ဂျီမီနက်ဇ်၊ တော်ရဲရား၊ ဘန်တာကာ၊ ကာဗာနီ၊ ဆွာရက်ဇ်တို့လို နာမည်ကျော်ကစားသမားအများအပြား ပါဝင်ခဲ့ပေမယ့်လည်း ဥရုဂွေးဟာ ပီရူးကို အနိုင်ကစားနိုင်ခြင်းမရှိခဲ့ပဲ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဒီနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပေမယ့် ဥရုဂွေးကတော့ ကွာတားအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က