ရွှေဖိနပ်ဆုကို ၂ နှစ်ဆက် ရယူထားနိင်ပါတယ်။

ဆာလာရဲ့ ကိုယ်တိုင် ဂိုးသွင်းနိုင်မှုနဲ့ ဂိုးဖန်တီးပေးနိုင်မှုတွေက သူ့ကို နှစ်ခြိုက်စေတာပါလို့ အာစင်ဝင်းဂါးက ဝန်ခံခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ အာစင်ဝင်းဂါးက လီဗာပူး တိုက်စစ်မှူး ဆာလာရဲ့ မြင့်မားတဲ့ ခြေစွမ်းတွေကို ကြည့်ပြီး ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီရဲ့ အရိပ်ပမာပါပဲလို့ တင်စား ခိုင်းနှိုင်းခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။





ဆာလာအနေနဲ့ ရိုးမားမှာ ခြေစွမ်းပြလာနိုင်မှုကြောင့် နည်းပြ ကလော့ပ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး လီဗာပူး အသင်းမှာတော့ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေနဲ့အတူ ပြီးခဲ့တဲ့ ၂ ရာသီဆက် ဂိုးသွင်းအများဆုံးကစားသမားဆုကို ဆွတ်ခူးထားနိုင်ပါတယ်။

အလားတူ ပျော့ပျောင်းတဲ့ ကစားဟန်နဲ့ ပါးနပ်တဲ့ ဘောလုံးကစားဟန်တွေက ဘလွန်းဒီအော ၆ ဆုရ ကမ္ဘာ့ အကောင်းဆုံး ကစားသမားလို့ အများသတ်မှတ်ထားတဲ့ မက်ဆီရဲ့ အရိပ်ပမာပဲလို့အာစင်ဝင်းဂါးက ခိုင်းနှိုင်းခဲ့ တာပါ။

“ သူ့ရဲ့ တိုးတက်မှုကို သဘောကျတယ်၊ပြီးခဲ့တဲ့ ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တယ်။ဂိုး ဧရိယာထဲမှာ ဖန်တီးနိုင်စွမ်းက ခြွင်းချက်ပါပဲ။ဒါကပဲ မက်ဆီနဲ့ တူနေတာပါ။နောက်ပြီး ဂိုးသွင်းနိုင်သလို ဂိုးလည်း ဖန်တီးနိုင်တာကကျွန်တော် ကြိုက်စေတာပါ။” လို့ ဝင်းဂါးက beIN Sports ပြောသွားတာပါ။

ဆာလာကတော့ ဒီနှစ်မှာတော့ ပြိုင်ပွဲစုံ ၁၃ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်သလို လက်ရှိမှာလည်း ကမ္ဘာ့ကလပ် ချန်ပီယံ ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ပါပြီ။

Share

Loading Next Article...
က္က