ကိုင်ရိုရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
Pyae Phyo Thein

အီဂျစ်နိုင်ငံတွင်းမှာ ဆာလာရဲ့ရုပ်ပုံအမှတ်အသားပါရှိတဲ့ အသုံးအဆောင်ပစ္စည်းအများအပြားကို ထုတ်လုပ်ရောင်းချနေခဲ့ပြီး စျေးကွက်အတွင်းမှာလည်း ရောင်းအားကောင်းနေခဲ့တယ်လို့ သိရပါတယ်။


အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ ဆာလာရဲ့ရုပ်ပုံမျက်နှာဖုံးတပ်ဆင်ပြီး ဖောက်ထွင်းခိုးယူမှုတွေပြုလုပ်ခဲ့တဲ့ လူလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားခဲ့တဲ့ အဆိုပါသူခိုးတွေဟာ လုံခြုံရေးအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့လည်း Goal.com ရဲ့ ဖော်ပြမှုအရ သိရပါတယ်။ 

Hassanein Heikal လမ်းမကြီးပေါ်က စတိုးဆိုင်တစ်ခုကို လက်နက်ပြလုယက်ဖို့အတွက် ကြိုးစားနေစဉ်မှာ ရဲတပ်ဖွဲ့နဲ့တွေ့ခဲ့ပြီး အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အဆိုပါလူလေးဦးစလုံးဟာ ဆာလာရုပ်ပုံပါမျက်နှာဖုံးတွေကို တပ်ဆင်ထားခဲ့ကြပြီးတော့ အီဂျစ်ရဲ့နာမည်ကျော်ကြယ်ပွင့်ကို လုယက်ဖောက်ထွင်းမှုမှာ အသုံးချခဲ့တာလည်းဖြစ်ပါတယ်။ 

ဆာလာကတော့ အီဂျစ်နို်င်ငံတွင်းမှာ အထင်ရှားအကျော်ကြားဆုံးနဲ့ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းတိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းအတွက် ၆၇ ပွဲကစားပေးထားပြိး ၄၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ကာ လီဗာပူးလ်အတွက်လည်း ခြေစွမ်းပြကစားပေးနေပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ နီးစပ်နေသူဖြစ်ပါတယ်။ 

အီဂျစ်နိုင်ငံတွင်းမှာ ဆာလာရဲ့ရုပ်ပုံအမှတ်အသားပါရှိတဲ့ အသုံးအဆောင်ပစ္စည်းအများအပြားကို ထုတ်လုပ်ရောင်းချနေခဲ့ပြီး စျေးကွက်အတွင်းမှာလည်း ရောင်းအားကောင်းနေခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာတေ့ာ သူ့ရဲ့ရုပ်ပုံပါ မျက်နှာဖုံးတွေကို လုယက်မှုအတွက် အသုံးချခဲ့ပြီး ကံဆိုးစွာနဲ့ပဲ လုယက်သူအားလုံးဟာ ဖမ်းဆီးခံသွားခဲ့ရပါတယ်။ 

ဆာလာဟာ အီဂျစ်ကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်မှာ အသင်းအတွက် အရေးကြီးဆုံးပယ်နယ်တီသွင်းဂိုးကို ကန်သွင်းယူပေးခဲ့ကာ ခြေစစ်ပွဲအောင်မြင်စေခဲ့ပေမယ့် ရုရှမှာကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးမှာတော့ ဆာလာက ဒဏ်ရာကြောင့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ အီဂျစ်ကလည်း အုပ်စုအဆင့်ကနေသာ ထွက်ခွာခဲ့ရပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က