အနိုင်ဂိုးခွင့်ပြုခဲ့ရတဲ့နောက် အငြင်းပွားခဲ့ကြတာပါ။
Pyae Phyo Thein

ပေးဂိုးအတွက် ဖာနန်ဒက်စ်က ခံစစ်ပိုင်းက လူကပ်ကစားပုံအားနည်းခဲ့တာကို ထောက်ပြကာ ပြစ်တင်ခဲ့ပြီး ဒီအပေါ်မှာ လင်ဒီလော့ဖ်က ဒေါသတကြီးနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။


ဆီဗီလာကို အနိုင်ဂိုးပေးခဲ့ရပြီးနောက် ယူနိုက်တက်နောက်ခံလူလင်ဒီလော့ဖ် နဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ််တို့ဟာ အချင်းများမှုတွေဖြစ်ပွားခဲ့ကြပါတယ်။ ပေးဂိုးအတွက် ဖာနန်ဒက်စ်က ခံစစ်ပိုင်းက လူကပ်ကစားပုံအားနည်းခဲ့တာကို ထောက်ပြကာ ပြစ်တင်ခဲ့ပြီး ဒီအပေါ်မှာ လင်ဒီလော့ဖ်က ဒေါသတကြီးနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ပေါ်တူဂီဘာသာစကားနဲ့ ပြောဆိုခဲ့ကြတယ်လို့ သိရပြီး ပြောဆိုနေချိန်အတွင်းမှာ လင်ဒီလော့ဖ်က ခွေးမသားလို့ ရေရွတ်ပြောဆိုခဲ့ကြောင်းသိရပါတယ်။ talksport ရဲ့ ဖော်ပြချက်အရ လင်ဒီလော့ဖ်ဟာ တော်တော်လေးကို ဒေါသတကြီးနဲ့ ပြောဆိုခဲ့တာဖြစ်ပြီး သူတို့နှစ်ဥိးသားဟာ စက္ကန့်အတန်ကြာ အချင်းများနေခဲ့ကြပါတယ်။ 

လုခ်ဒီဂျောင်က အနိုင်ဂိုးသွင်းယူချိန်မှာ လင်ဒီလော့ဖ်က လူကပ်ထားခြင်းမရှိဘဲ ယူနိုက်တက်ဟာ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့်လည်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပြန်လည်ပေးခဲ့ရပြီး ရရှိခဲ့တဲ့အခွင့််အရေးတွေကိုလည်း ယူနိုက်တက်တို့ အသုံးမချနိုင်ခဲ့လို့ ဗိုလ်လုပွဲကို တက်ရောက်ရမယ့် အခွင့်အရေးနဲ့ ဝေးကွာခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ အချင်းများနေမှုဟာ သာမာန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်တယ်လို့ ပွဲအပြီးမှာ ဖာနန်ဒက်စ်က ပြန်လည်ဖြေရှင်းခဲ့ကြပါတယ်။ အသင်းဖော်တစ်ဦးနဲ့တစ်ဦးကြားက အားနည်းချက်တွေကို ဝေဖန်ထောက်ပြပြောဆိုမှုက အသင်းအတွက်အကျိုးရှိလိမ့်မယ်လို့လည်း ဖာနန်ဒက်စ်က ဆိုခဲ့ပြီး သူတို့နှစ်ဦးကြားက ပြသနာမဟုတ်ခဲ့ဘူးလို့လည်း ဖြေရှင်းသွားခဲ့ကြောင်း သိရပါတယ်။ 


Author


က္က