နေမာအနေနဲ့ စပိန်လာလီဂါကို ပြန်လည်ပြောင်းရွှေ့ဖို့ ရှိနေတာပါ။

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာနိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ နေမာအနေနဲ့ လာမယ့်နွေရာသီကစားသမား အပြောင်းအရွှေ့စျေးပွက်ကာလအတွင်းအသင်းကနေ ထွက်ခွာခွင့်ရဖို့ရှိနေတယ် လို့ လည်းသတင်းဖော်ပြမှု တွေရှိနေခဲ့ပါတယ်။

ပြင်သစ်ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အမ်ဘာပီကို ဆက်ထိန်းထားနိုင်ရေးအတွက် အခြားတွဲဖက်တိုက်စစ်မှူးဖြစ်သူ နေမာကို လာမယ့်နွေရာသီက စားသမားအပြောင်းအရွှေ့စျေးကွက်မှာ အသင်းကနေထွက်ခွာခွင့်ပေးဖို့ှရှိနေတယ်လို့ thesun ကဖော်ပြလိုက် ပါတယ်။

နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့သူဖြစ်သလို ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေ အတွင်းမှာလည်း တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အသင်းအချို့နဲ့ဆွေးနွေးမှုများပြုလုပ်ခဲ့တဲ့အတွက် ဝေဖန် မှုအချို့ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။



အခြားဆက်စပ်သတင်းတွေအရ ပီအက်စ်ဂျီအသင်းအနေနဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းအရ ညှိစွန်းမှုများရှိလာနို င်တဲ့အတွက် ကစားသမားအချို့ကို ရောင်းထုတ်ရဖို့ရှိနေခဲ့ပြီး နေမာအပါအဝင် ကစားသမားအချို့ကိုရောင်းထု တ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

ကစားသမားအနေနဲ့ စပိန်လာလီဂါသို့ ပြန်လည်ပြောင်းရွှေ့လိုနေတာဖြစ်ပြီး ရီးရဲလ်အသင်းအပါအဝင် အသင်း ဟောင်းဘာစီလိုနာကိုပါ ပြန်လည်ရွေးချယ်လိုနေတဲ့အတွက် လာမယ့်နွေရာသီကစားသမားအပြောင်းအရွှေ့အ တွင်း အလှုပ်အခတ်ဆုံးအပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့လည်း as.com က သုံးသပ်ထားပြန်ပါတယ်။

စပိန်မီဒီယာတွေရဲ့ဖော်ပြချက်မှာတော့ ဘာစီလိုနာအသင်းအနေနဲ့ နေမာကိုပြန်လည်ခေါ်ယူဖို့အတွက် ကစား သမားတစ်ဦးအလိုက်ပေးမယ့်အပြင် ယူရို ၁၃၆သန်းအထိပေးချေဖို့အသင့်ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိ နေသလို ရီးရဲလ်အသင်းကလည်း ကြားဖျက်ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုများပြုလုပ်လိုနေတယ်လို့လည်း သိရပါတယ်။



က္က