အမေရိကန်ရဲ့ တရားရေးရုံးကိုလည်း အင်ဖန်တီနို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

အဆိုပါ တွေ့ဆုံမှုမှာတော့ ဖီဖာရုံးချုပ် အမေရိကန်နိုင်ငံမှာ တည်ဆောက်ရေးအပါအဝင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနိုတို့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံကတော့ ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊မက္ကဆီကို နိုင်ငံတွေနဲ့ ပူးတွဲ အိမ်ရှင် ကျင်းပ ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဖီဖာ အဖွဲ့ဝင် နိုင်ငံများ အစည်းအဝေးမှာ အမေရိကန်က ပြိုင်ဖက် မော်ရိုကို နိုင်ငံကို မဲအရေ အတွက် အသာနဲ့ အနိုင်ရခဲ့တာပါ။

ယခု ဥက္ကဌ နှစ်ဦး တွေ့ဆုံရာမှာတော့ ဖီဖာရဲ့ ရုံးချုပ်ကို အမေရိကန်နိုင်ငံမှာ တည်ဆောက်မယ့် ကိစ္စအပါအဝင် လာမယ့် ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အင်ဖန်တီနိုအနေနဲ့ အမေရိကန်ကို ရောက်စဥ် အမေရိကန်ရဲ့ တရားရေး ဌာနကို သွားရောက်လည်ပတ်ခဲ့ပြီး ဘေ လုံးလောကရဲ့ အကျင့်ပျက်ခြစားမှုများကို တိုက်ထုတ်နေတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ဆိုခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

“ကျွန်တော် ဥက္ကဌ ဖြစ်လာကတည်းက အတိတ်ကာလက ဖီဖာကို သိက္ခာကျစေခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် ပပျောက်ဖို့ လုပ်ဆောင်ခဲ့တာပါ။ဘောလုံးမှာ အကျင့်ပျက်ခြစားမှုမရှိစေရပါဘူး၊ဒါကို အာဏာပိုင်တွေအနေနဲ့ ဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။”လို့ အင်ဖန်တီနိုက ပြောခဲ့ပါသေးတယ်။

အမေရိကန်နိုင်ငံမှာတော့ ကမ္ဘာ့ဖလားကို နောက်ဆုံး ကျင်းပခဲ့တဲ့ နှစ်က ၁၉၉၄ခုနှစ်ဖြစ်ပြီး အဆိုပါနှစ်က ဘရာဇီး အသင်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။


Author


က္က