ဇီဒန်းလက်ထက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကနေ ပထမဆုံးထွက်ရတာပါ။

မန်စီးတီးကို နှစ်ကျော့ပေါင်းရလဒ် ၄-၂ဂိုနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ရီးရဲအသင်း နည်းပြဇီဒန်း လက်ထက် ပထမဆုံးအကြိမ် လှည့်ပြန်ရတာပါ။

မန်စီးတီးကို အဝေးကွင်းမှာ ၂-၁ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးက ရီးရဲနောက်ခံလူ ဗာရာနီရဲ့ ပေါ့ဆ မှုမှ တဆင့် ပေးလိုက်ရတဲ့ဂိုးတွေ ဖြစ်ပါတယ်။



ရီးရဲအသင်းအနေနဲ့ ပထမပိုင်း၈မိနစ်မှာပင် မန်စီးတီးကို ပေးဂိုး စတင်ခွင့်ပြုလိုက်ရပြီး ဒီဂိုးက ရီးရဲနောက်ခံလူ ဗာရာနီ ဘောလုံးကို ထိန်းသိမ်းပုံ မသေသပ်တဲ့အတွက် ဂျီးဆပ်က ဘောလုံးကိုလုယူပြီး စတားလင်းကို ပေးပို့ကာ စတားလင်းက ပိတ်သွင်းရယူခဲ့တာပါ။

ရီးရဲအတွက် မျှော်လင့်ချက်သွင်းဂိုးကို ဘန်ဇီးမားက ပွဲချိန် ၂၇မှာ ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပေမယ့် ဗာရာနီကပဲ ပွဲချိန် ၆၇မိနစ်မှာ ဂိုးသမားကို ဘောလုံးပြန်ပေးတာ မသပ်ရပ်မှုကြောင့် ဂါဘရီရယ်ဂျီးဆပ်က ကြားဖြတ်ကန်သွင်းရယူ ခဲ့တာပါ။

“ဒီရှုံးပွဲအတွက် ကျွန်တော့်ပဲ အပြစ်တင်ပါ။ကျွန်တော့်တာဝန်ပါ။ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ခဲ့ပေမယ့် ကျွန်တော်တို့ အမှားတွေကျူးလွန်မိပြီး အရေးနိမ့်ခဲ့ပါတယ်။ဒီလိုအမှားမျိုးတွေ ဘောလုံးမှာ ဖြစ်တတ်ပေမယ့် တကယ်နာကျင်ရတဲ့ ညတစ်ညပါ။ပရိသတ်တွေကို ‌တောင်းပန်ပါတယ်။”လို့ ဗာရာနီက တောင်းပန် စကားဆိုလိုက် ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းလက်အောက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်တွေကနေ မထွက်ဖူးပဲ ယခုတစ်ကြိမ်က ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

နောက်တစ်ဆင့်တက်သွားတဲ့ မန်စီးတီးကတော့ ဂျူဗင်တပ်ကို အနိုင်ယူခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ ကွာတားဖိုင်နယ် အဆင့်မှာထိပ်တိုက်တွေ့နေပါတယ်။

Share

Loading Next Article...
က္က