လာလီဂါပွဲစဉ်တွေပြန်လည်ကျင်းပဖို့ သဘောတူညီမှုရရှိခဲ့ပြီးပါပြီ။
Win Kyaw Min

စပိန်အစိုးရအာဏာပိုင်တွေအနေနဲ့ လာလီဂါပွဲစဉ်တွေကို ပြန်လည်ကျင်းပဖို့ သဘောတူခဲ့ပြီလည်းဖြစ်ပါတယ်။

စပိန်ကျန်းမာရေးဝန်ကြီးဆယ်ဗာဒိုက အားကစားပွဲစဉ်တွေ ပြန်လည်ကျင်းပနိုင်ဖို့အတွက် အခက်အခဲတွေရှိနေ ဆဲဖြစ်သလို တာဝန်ရှိသူတွေရဲ့ အမှားတွေရှိနေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ စပိန်ဘောလုံးလောက,ကတော့ ပြိုလဲ ပျက်စီးဖို့မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို as.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာ နိုင်ငံအတွင်း ရောဂါကူးစက်မှုနှုန်းကို အထိုက်အလျောက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် အားကစား ပွဲစဉ်တွေကို ပြန်လည်ကျင်းပဖို့ အပြီးသတ်ညှိနှိုင်းပြီးစီးမဥတွေနဲ့အတူ လာမယ့် မေလနောက်ဆုံးရက်သတ္တပတ် အတွင်း ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီးလည်းဖြစ်ပါတယ်။



“ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိအကောင်းဆုံးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေဆဲပါ။ ဒါပေမဲ့ အားက စားပြိုင်ပွဲတွေကတော့ ပရိသတ်တွေဆီပြန်ရောက်လာတော့မှာပါ။ စပိ်န်ဘောလုံးလောကပြိုလဲဖို့ဆိုတာ ဘယ်လို့မှမဖြစ်နိုင်ပါဘူး ” လို့ စပိန်ကျန်းမာရေးဝန်ကြီးဆယ်လ်ဗာဒိုက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ဖို့ လာလီဂါထိပ်သီးအသင်းတွေပြင်ဆင်ခဲ့ပေမယ့် အ စိုးရအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရခြင်းကြောင့် ပြုလုပ်နိုင်ခြင်းမရှိဘဲ အခုအခါမှာသာ ပြန်လည်လေ့ကျင့်ရမယ့် နေ့ရက်ကို အသိပေးခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အားကစားဝန်ကြီး၊ လာလီဂါဥက္ကဋ္ဌ၊ စပိန်အားကစားကောင်စီ၊ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိ သူတွေရဲ့ အပြီးသတ်ညှိနှိုင်းသဘောတူညီချက်အရ ပြန်လည်လေ့ကျင့်မှုတွေပြုလုပ်နိုင်တော့မှာဖြစ်ပြီး ပွဲကျင်းပ တဲ့ အချိန်ကာလမှာလည်း လိုအပ်တဲ့ လုံခြုံရေး၊ ဆေးဝါးထောက်ပံ့မှုတွေ အပြည့်အဝရှိနေဖို့လိုအပ်တယ်လို့လ ည်း စပိန်ကျန်းမာရေးဌာနက အသိပေးထားတယ်လို့လည်း သိရပါတယ်။


က္က